25 C
Yangon

မင်းအောင်လှိင် ခန့်ထားသည့် စစ်ကောင်စီအဖွဲဝင် ဒေါက်တာမှုထန်၏ ဟားခါးမြို နေအိမ်ကို ချင်းတော်လှန်ရေးတပ်က ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက် မင်းအောင်လှိင် ခန့်ထားသည့် စစ်ကောင်စီအဖွဲဝင် ဒေါက်တာမှုထန်၏ ဟားခါးမြို နေအိမ်ကို ချင်းတော်လှန်ရေးတပ်က ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း CDF-Hakha က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအဖွဲဝင် ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းရုံမျှမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ဟားခါးမြိုရှိ မြိုတော်ခန်းမတွင် ပြည်သူများကို စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့ကြောင်း၊ ထိုကြောင့် ဟားခါးမြို ၊ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူ ပိုင် အဖြစ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန် ရေး ကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမှုထန်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိင်က ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အနီဖြင့် ၀ိုင်းပြထားသူမှာ စစ်ကောင်စီအဖွဲဝင် ဒေါက်တာမှုထန် ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article