25 C
Yangon

အုတ်ဖိုမြိုရှိ စရဖရုံးကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု စရဖ အရာရှိ ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်၊ အုတ်ဖိုမြိုရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ (စရဖ) ရုံး အတွင်းကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု ရုံးမီးလောင် ပြာကျပြီး စရဖ အရာရှိ ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် အုတ်ဖိုမြို၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ ၂ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ (စရဖ) ရုံးကို တော်လှန်ရေး တပ်ဖွဲများက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကာ ရုံးမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“အုတ်ဖိုမြိုနယ် စရဖရုံးမှာ မနေ့က မီးလောင်ဗုံးကွဲမှု အတွင်း တပ်ကြပ်ကြီးစာရေး ၁ ဦး၊ နယ်မြေခံ စရဖ အရာရှိ ၁ ဦးနဲ့ စခန်းတာဝန်ခံ ဗိုလ်ကြီး ၁ ဦးတို ပြင်းထန် ဒဏ်ရာ စိုးရိမ်ရရရှိခဲ့တယ်လိုသိရတယ်။ ပရိဘောဂတွေနဲ့ လက်နက်ရုံ တစ်ခြမ်း မီးလောင်ပျက်ဆီးသွားတယ်။ အဲရုံးကို မီးလောင်ဗုံးနဲ့ ခွဲတာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ မီးလောင်ရာနေရာသို အုတ်ဖိုမြိုနယ်မီးသတ်တပ်ဖွဲနှင့် သာယာဝတီခရိုင်မီးသတ်တပ်ဖွဲတို ပူးပေါင်းကာ လာရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ စရဖရုံးသည် စစ်ကြောရေးစခန်းအဖြစ် စစ်တပ်က အသုံးပြုနေသည့် နေရာဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article