37 C
Yangon

ရခိုင်တွင် မြိုနယ် ၅ ခုမှ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မင်းပြား အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် တိုက်ပွဲ ပြင်းထန်

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်အတွင်းက မြိုနယ် ၅ခုတွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ရင်းများနှင့် တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

တပ်မ ၂၂လက်အောက်ခံ၊ ခမရ ၂၀၁ တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြိုမြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်း စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်မြိုနယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ၅၅၂ တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး ပုဏ္ဏားကျွန်းမြိုမှ ခမရ ၅၅၀ တပ်ရင်းဌာနချုပ်ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထိုအပြင်မင်းပြားမြို၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် AA မှ ၈ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ လက်ရှိ နောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စခန်းသိမ်းလုနီးပါး အခြေအနေ ရောက်ရှိနေပြီဟု သိရသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်ဖွဲဝင်အားလုံး ရက္ခိုင့်တပ်တော် AA လက်နက်ချ အညံ့ခံဖိုနှင့် အလင်းဝင်ရောက်ဖို သတိပေးထားပြီး လက်နက်ချ အညံ့မခံသည့်တပ်စခန်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA

က တရားဝင်ကြေညာထားသည်။

ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြိုများကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြိုများကိုလည်း ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည် ဖြစ်ကြောင်း AA က ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုးပြီး စစ်မနိုင်တော့သည့် အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးဖြင့် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေးလိုက်သည်။

ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထိုသို သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထိုပြင် တပ်အချင်းချင်းတိုက်မနိုင်မှုကြောင့် မည်သည့် လက်နက်မှမရှိသော အပြစ်မဲ့ပြည်သူ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနှင့် ဆက်ပြီးလက်နက်အားကိုး မိုက်တွင်း မနက်ရန် ဆက်လက် သတိပေးထားသည်။

ဓာတ်ပုံ – ရခိုင်တွင် AA က သိမ်းပိုက်ထားသော စစ်တပ်ဌာနချုပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်တွင် AA က သိမ်းပိုက်ထားသော စစ်တပ်ဌာနချုပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article