30 C
Yangon

မြစ်ခြေမြိုတွင် စစ်တပ်နှင့်ပျူစောထီးများက ဖလံအို၊ ချိုင်နှင့် ရေကြည်ရွာကို ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများ လုယက်ကာ ကျေးရွာကို မီးတင်ရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်း၊ ပခုက္ကူမြိုနယ်။ မြစ်ခြေမြိုတွင် စစ်တပ်နှင့်ပျူစောထီးများက ဖလံအို၊ ချိုင်နှင့် ရေကြည်ရွာတိုကို ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများ လုယက်ကာ ကျေးရွာကို မီးတင်ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြစ်ခြေမြို၊ ရှင်မကန်၊မန်ကျည်းကန်၊အောင်သာ၊အရှေ့ဇီးကုန်းကျေးရွာမှ ပျူစောထီးများက စစ်တပ်နှင့် ပေါင်းပြီး အနီးနားရှိ ဖလံအိုကျေးရွာကို စစ်ကြောင်းထိုးပြီး အဖိုးတန်ပစ္စည်းများ ခိုးဆိုးလုနှိက်လုပ်နေကြကြောင်း၊ ယင်းနောက် နေအိမ်များကို မီးတင်ရှိကြကြောင်း သိရှိရသည်။

“ဖလံအိုတစ်ရွာတည်းကို စစ်ကြောင်းထိုး၊နေအိမ် တွေ မီးရှိ အဖိုးတန်ပစ္စည်းတွေ ယူနေတာ ၅ကြိမ်ရှိပြီ။ ပြီးခဲ့တဲ့အပတ်က ဖလံအိုရွာကိူ စစ်ကြောင်းထိုး၊နေအိမ်တွေမီးရှိပြီး နေအိမ်တွေကနေ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ ၊ ဘုန်းကြီးကျောင်းမှာ ရွာသားတွေ အပ်ထားတဲ့ဆန်အိတ်တွေကို ကားတွေနဲ့ ၅ကြိမ်ထက်မနည်းတိုက်ယူကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထိုပြင် ပျူစောထီးများက ချိုင်ရွာနှင့် ရေကြည်ရွာတိုကိုလည်း လုယက်ပြီး မီးရှိဖျက်ဆီးနေကြကြောင်း ၊ ယမန်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ မီးရှိဖျက်ဆီးကြကြောင်း၊ ပစ္စည်းများကို ကားများနှင့် သယ်ဆောင်သွားကြောင်း၊ ပြည်သူများမှာ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး အလွန်ခက်ခဲလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article