25 C
Yangon

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ် တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး စာသင် ကျောင်းနှင့် နေအိမ်များပျက်စီးကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာကို လေယာဉ်ဖြင့် ၈ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် နားခိုက်ကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဖြားခွန် သေဆုံးခဲ့ရကြောင်း၊ ပြည်သူများ၏ နေအိမ် ၄ လုံးနှင့် စာသင်ကျောင်းတံခါးပြတင်းပေါက်များလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ နားခိုက်ကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ တပ်စွဲထားခြင်းမရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း၊ စစ်ကောင်စီက တမင်သက်သက် ပအိုဝ်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ စစ်ကောင်စီက ယခုကဲ့သို ပအိုဝ်းကျေးရွာများ၊ ပြည်သူ၏ အိုးအိမ်စည်းစိမ်များကို ပစ်မှတ်ထားကာ ရန်သူသဖွယ် တိုက်ခိုက်နေခြင်းသည် အလွန်ယုတ်ညံ့သည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း PNLA က ဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်လည်း ဟိုပုံးမြိုနယ် စငေါကျေးရွာအုပ်စု တဖူꩻကဲင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရှိရသည်။

ဆီဆိုင်မြို့နယ်၊ မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများ လူအခွင့်အရေးများ ကျင့်ဝတ်များကို ပေါ်ပေါင်တင်တင် ကျူးလွန်ချိုးဖောက်ကာ ပြည်သူလူထုအား ရန်သူသဖွယ် တိုက်ခိုက်နုကြောင်း၊ ထိုကြောင့် ပြည်သူလူထုများအနေဖြင့်လည်း စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် လုံခြုံစိတ်ချရသည့် ဗုံးခိုးကျင်းများ တူးထားကြရန် PNLA က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article