25 C
Yangon

ဘီးလင်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ် ဘီလင်းမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝင်းတာပန်စခန်းမှ ထွက်လာသော ခမရ-၄၀၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက နောင်ကတုတ်ချောင်းအနီးရှိ ဝင်းတာပန်အထက်ရွာနေ အသက် ၃၃ နှစ်အရွယ် စောချဝေါ် ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဘယ်ဖက်လက် တံတောင်ဆစ်အား ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့နှင်‌ ၂၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ စစ်ကောင်စီ ဝင်းတာပန်စခန်းမှ စစ်ကောင်စီ တပ်သားများက စခန်းပြင်ထွက်ကာ ဝင်းတာပန်ရွာထဲကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူများ၏ နေအိမ်များကို ဖျက်စီး၍ အိမ်တွင်း ပရိဘောဂ ပစ္စည်းများအား မွှေနှောက် ဖျက်စီးကာ အိမ်အတွင်းရှိ ပစ္စည်းများနှင့် အိမ်မွေးတရိစ္ဆာန်များ ကိုလည်း ခိုးယူ စားသောက်သွားကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ်ရှိ ညောင်လေးပင်အခြေစိုက် ခလရ−၂၀ တပ်ရင်း က ၁၂၀ မမ လက်နက်ကြီး ၄ လုံးကို ပစ်ခတ်ခဲ့ရာ အင်းဗဝါ (အောပဝါး) ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စောဝေခို ၂၇ နှစ်၏ နောက်ကြောထိမှန်ပြီး ဒေါ်ရီဝင်း ၅၈ နှစ်လည်း ဘယ်ခြေထောက် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article