25 C
Yangon

ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ရခိုင်နှင့် ချင်း တိုင်းရင်းသားပိုင် စျေးဆိုင်များ၊ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံ များကို စစ်ကောင်စီက စာရင်းကောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်း၊ မြို့နယ်တချို့တွင် ရခိုင်နှင့် ချင်း တိုင်းရင်းသားပိုင် စျေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီက စာရင်းကောက်ယူနေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်းမှစတင်၍ မြို့နယ်များတွင် ရခိုင်နှင့် ချင်းတိုင်းရင်းသားပိုင် စျေးဆိုင်များ၊ စီးပွားရေးလုပ် ငန်းများ၊ စက်ရုံအလုပ်ရုံများ စာရင်းကို ကောက်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ် အရှေ့ပိုင်း နှင့် အနောက်ပိုင်းတွင်လည်းကောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းများ မြို့နယ်များတွင် စာရင်း စတင်ကောက်ယူနေကြောင်း သိရှိရသည်။

“ဘာအတွက်လဲလို့တော့ မပြောဘူး။ ရခိုင်နဲ့ ချင်းတိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ စျေးဆိုင်တွေ စာရင်းတွေ ကောက်ခိုင်းတယ်။ နောက်ပြီး အဆောင်ဖွင့်စားတဲ့ ချင်းနဲ့ရခိုင်တိုင်ရင်းသား အိမ်ပိုင်ရှင်တွေ စာရင်းလည်းကောက်ခိုင်းတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီက ရခိုင်နှင့်ချင်းတိုင်းရင်းသား ပိုင် စီးပွားရေးလုပ်ငန်းများ စာရင်းကောက်ယူမှုအပေါ် စိုးရိမ်မိကြောင်း လှိုင်သာယာမှ ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ရန်ကုန်မှာရှိတဲ့ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆိုင်တွေကို စာရင်းလိုက်ကောက်တာမှာ ဘာကြောင့်ကောက်လဲဆိုတာကိုလေ မသိရတော့ ကျနော်တို့လည်း စိုးရိမ်တယ်” ဟု လှိုင်သာယာမှ ရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်ကရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေများ ဆက်တိုက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မြို့တော်ခန်းမရှေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်နေသည့် ရခိုင်တိုင်းရင်းသားအလံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် မြို့တော်ခန်းမရှေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်နေသည့် ရခိုင်တိုင်းရင်းသားအလံ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article