24.9 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နေပြည်တော် ကကထုတ် စစ်ရုံးဝင်းအတွင်းမှာ ဗိုလ်ချုပ်သားတွေနဲ့ စစ်ရုံး စာရေးမအဖွဲ့တွေ မူးယစ်ဆေးဝါးသုံး ပျော်ပါးမှုကို ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း ဆိုသူက ဖုံးဖိထားပြီး ၊ စာရေးမ ၁၁ ဦးကို အကျယ်ချုပ်ချထားသလို ၊ စာရေးမထဲက ကြည်ကြည်လင်းထိုက် ဆိုသူကိုတော့ ရန်ကုန်တပ် ကို ချက်ချင်းပြောင်းရွှေ့လိုက်တယ်လို့ နေပြည်တော် စစ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ရခိုင်လူမျိုးတွေနဲ့ ချင်း တိုင်းရင်းသားပိုင် စျေးဆိုင်တွေ ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေကို အကြမ်းဖက် စစ်ကောင်စီက စာရင်းကောက်ယူနေတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မုံရွာ -မန္တလေး ကားလမ်းပေါ်မှာ မိုင်းရှာပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကားပေါ်မှာ မိုင်း ကွဲပြီးတော့ စစ်ကောင်စီတပ်သား ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article