25 C
Yangon

မုံရွာမြိုနယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ၊ ဘူးတောင်းကန်ရွာကို စစ်တပ်က မီးရှိဖျက်ဆီးမှု နေအိမ် ၁၇ လုံး ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရကာ ဘူးတောင်းကန်ရွာကို စစ်တပ်က မီးရှိဖျက်ဆီးမှု နေအိမ် ၁၇ လုံး ပြာကျခဲ့ကြောင်း မုံရွာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (MPDO) တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မုံရွာမြို၊ စီးပွားရေးတက္ကသိုလ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘူးတောင်းကန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှိဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၇ လုံး၊ နွားစာတိုက် ၁၆ လုံး၊ ထွန်စက် ၄ စီး၊ နွား တစ်ရှဉ်း၊ ဆိုင်ကယ် ၁ စီး မီးလောင် ပျက်စီး ဆုံးရှုးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေစဉ် ကျောက်စစ်ပုံ အမြောက်တပ်မှ စစ်ကောင်စီ တပ်သားများက ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် မုံရွာမြိုနယ်၊ ရေကန်စုကျေးရွာမှ အသက် ၁၃ နှစ်အရွယ် အမျိုးသမီး ကလေးငယ် ၁ ဦး သေဆုံး၊ ရေကန်စုကျေးရွာမှ ပြည်သူ ၈ ဦး ဒဏ်ရာရကာ ၂ ဦး စိုးရိမ်ရပြီး တိုးစည်ကုန်းကျေးရွာမှ ပြည်သူ ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက မုံရွာမြို၊ စီးပွားရေး တက္ကသိုလ်ကနေ ဖေဖေယ်ဝါရီလ ၂၈ ရက်နေ့မှာ ထွက်လာပါတာ ပြီးတော့ မုံရွာမြိုနယ်၊ ဘူးတောင်းကန်ကျေးရွာကို မီးရှိဖျက်ဆီးခဲ့ပါတယ်။ နေအိမ် ၁၇ လုံး၊ နွားစာတိုက် ၁၆ လုံး၊ ထွန်စက် ၄ စီး၊ နွား တစ်ရှဉ်း၊ ဆိုင်ကယ် ၁ စီး၊ ပျက်စီးဆုံးရှုးခဲ့တယ်။ စစ်ကောင်စီရဲ့ ကျောက်စစ်ပုံ အမြောက်တပ်ကလည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် မုံရွာမြိုနယ်၊ ရေကန်စုကျေးရွာမှ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦး သေဆုံးပြီး ရေကန်စုကျေးရွာမှ ပြည်သူ ၈ ဦးနဲ့ တိုးစည်ကုန်းကျေးရွာက ပြည်သူ ၁ ဦးဒဏ်ရာရရှိတယ် ၂ ဦးစိုးရိမ်ရတယ်။ ရေကန်စုကျေးရွာက ပြည်သူကလေးငယ် အမျိုးသမီး ၁ ဦး ခြေထောက်ဖြတ်ရတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပါဘူး” ဟု မုံရွာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (MPDO) တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် မုံရွာမြိုနယ်ရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ ၂၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် မုံရွာမြိုနယ်၊ ဘူးတောင်းကန်ကျေးရွာမှ ထွက်ခွာပြီး မုံရွာမြို စီးပွားရေးတက္ကသိုလ်အတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article