25 C
Yangon

မုံရွာမြိုနယ်၊ တောပုရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ တောပုရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း-MSPDF/MSDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ ၁၂ နာရီ ၃၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ အခြေချ တပ်စွဲထားသော တောပုရွာရှိ ပျူစောထီး စခန်းကို တော် လှန်ရေး တပ်ဖွဲများက “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သေတဲ့ ၃ ကောင်ကို မနေ့က သင်္ဂြိုလ်တာ၊အဲဒီနေ့က စစ်ဗိုလ်တစ်ဦးမွေးနေ့ပွဲရှိတယ်၊ လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ဒရုန်းတစ်စီးလည်း ပစ်ချခံရပြီး ဆုံးရှုးခဲ့တယ်၊ ကမ်ပိန်းလေး လုပ် နေတာ ကူတဲ့သူအရမ်းနည်းနေလို မိဘပြည်သူတွေအနေနဲ့ ၅၀၀ ၊ ၁၀၀၀ ကအစနိုင်သလောက် ဝိုင်းဝန်း ကူညီပေးကြဖို မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေလှူတဲ့ငွေတွေကို အလေအလွင့် မရှိ စေပဲ တော် လှန်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားပါ့မယ်၊ ကမ်ပိန်းလုပ်ရတာက လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် လုပ်ရတာပါ၊” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန် ကြား ရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးသွားပြီး ၂ ဦး ထိခိုက် ဒဏ်ရာများ အပြင်းထန် ရရှိခဲ့ကြောင်း၊ စစ်ကိုင်းခရိုင်အမှတ် ၄ -MSPDF/MSDF ဘက်မှလည်း Fixed Wings Drone ၁ စီး ဆုံးရှုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း ၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ CHAUK PDF ၊ MGN 35 ၊ Golden Eagle ၊ Justice Warrior Forces နှင့် Shinning Stars တိုက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article