26 C
Yangon

Breaking News- မကွေးတိုင်း၊ စလင်းမြိုနယ်တွင် စစ်ကောင်စီ၏ တိုက်လေ ယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်လွတ်မြောက်

Must read

လေတပ်ဖရဲသီး သတင်းရင်းမြစ်က တိုက်လေယာဉ်ပျက်ကျမှု အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ စလင်းမြိုနယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန် စလင်းမြိုနယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်တစ်စီး ပျက်ကျလာကြောင်း ၊ လေယာဉ်မှူးမှာမူ လေထီးဖြင့် ခုန်ထွက်လာနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“လေယာဉ်က ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ ပျက်ကျတယ်။ စလင်းမြိုနယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် မှာ ပျက်ကျတာ။ အခု ရဟတ်ယာဉ်တွေ အများကြီးပဲ လာနေတယ်။ ရဲတွေလည်း လာနေကြပြီ။ လေယာဉ်မှူးကတော့တ စ်ဦးတည်းပဲ။ လေယာဉ်ကတော့ မီးလောင်နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက လေတပ်သတင်းရင်းမြစ်ထံသို ဆက်သွယ်မေးမြန်းရာ မကွေးလေတပ်မှ တိုက်လေယာဉ်တစ်စီး ပျက်သွားကြောင်း၊ လေယာဉ်ပျက်ကျမှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article