25 C
Yangon

သင်္ဃန်းကျွန်းမြိုနယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနပိုင် မြေဟုဆိုကာ နှစ်ပေါင်း ၃၀ ကျော်နေလာသော ပြည်သူများကို အတင်းအဓမ္မ အိမ်များ ဖျက်ခိုင်း၊ ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြိုနယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနပိုင် မြေဟုဆိုကာ နှစ်ပေါင်း ၃၀ ကျော်နေလာသော ပြည်သူများကို အတင်းအဓမ္မ အိမ်များ ဖျက်ခိုင်းလိုက်သဖြင့် ပြည်သူများ အိမ်များဖျက်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ရန်ကုန်မြို သင်္ဃန်းကျွန်းမြိုနယ်၊ င/ခရပ်ကွ့၊ မီးရထားရိပ်သာလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် ၄၄ ၊ မြေကွက်အမှတ် -၂/ခ၊ မြေဧရိယာ ၀ ဒသမ ၂၂၅ ဧက ပေါ်တွင် တည်ဆောက်ထားသည့် သင်္ဃန်းကျွန်းမြိုနယ် အခွန်ဦးစီးဌာနမှူးရုံး မြေဟုဆိုကာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်လာသော ပြည်သူများကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းကြောင်း၊ နေအိမ်များကို ဖျက်သိမ်းခိုင်းကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ပေးရန် နိုတစ်စာပေးပိုခဲ့ခြင်း ဖြစ်ပြီး မဖယ်ပေးပါက ဘူဒိုစာနှင့် ဖျက်မည်ဟု သင်္ဃန်းကျွန်းမြိုနယ်၊ င/ခရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ကျော်အေးက ရဲများနှင့်အတူ လိုက်လံ ခြိမ်းခြောက်ခဲ့ကြောင်း၊ ပြည်သူများမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေအိမ်များ ဖျက်သိမ်းပြီး အိုးမဲ့ အိမ်မဲ့ဖြစ်သွားရကြောင်း သိရှိရသည်။

” အုပ်ချုပ်ရေးမှုးယုတ်မာလို အခုနေ စရာမရှိကြလိုပါ ။ နေတာလာ အနှစ်၃၀ရှိပြီ။ အခုဖယ်ရှားခိုင်းလို မဖယ်ပေးရင် ဂေါ်နဲ့ထိုးမယ်ဆိုလို အချိန်၁၅ရက်နဲ့ ဖယ်ပေးလိုက်ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်လက်ထပ်တုန်းက စမတ်ကတ်ပြားတွေ ရထားတဲ့ နေရာတွေပါ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောဆိုသည်။

ပြည်သူများမှာ ကိုယ့်နေအိမ်ကိုယ် ဖျက် ဖယ်ပေးလိုက်ရသည့် အိုးမဲ့အိမ်မဲ့သွားသော အိမ်ထောင်စု ၁၂ စု ရှိကြောင်း၊ အိမ်ဖျက်ရန် ခြိမ်း ခြောက် ချိန်တွင် အကြမ်း ဖက် ရဲများ ပါဝင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article