ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်တွင် လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ လက်ကိုင်ဖုန်းနှင့် ငွေသား သိန်း ၂၀ ကို သိမ်းဆည်းပြီး လောင်းကစားဝိုင်းများကို မီးရှိရှင်းလင်းခဲ့ကြောင်း Ywangan PDF – JPRF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီမိနစ်အချိန်ခန့်က ရွာငံမြိုနယ်၊ မြိုင်တိုက်နယ်၊ မြောက် လက်ကုန်းကျေးရွာတွင် ဘောလုံးလောင်းကစားဝိုင်းကို ဘန်းပြပြီး ဂျင်၊ မိုးကြိုးကုန်းကင်း အစရှိသည့် လောင်းကစားဝိုင်းများသာမက မူးယစ်ဆေးဝါးများကိုပါ ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက် ဖမ်းဆီးခဲ့ရာ ဖုန်းနှင့် ငွေသား သိန်း၂၀ တိုကို သိမ်းဆည်းခဲ့ပြီး လောင်းကစားဝိုင်းများကို မီးရှိဖျက်ဆီး ခဲ့ကြောင်း သိရသည်။
“၂၆ ယောက် ဖမ်းမိတာပါ။ ဖမ်းမိသူတွေကိုတော့ ကြိမ်ဒဏ် ၁၀ ချက်ပေးခဲ့ပြီး ပြန်လွှတ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေတော့ မပါလာဘူးဗျ” ဟု Ywangan PDF – JPRF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရွာငံမြိုနယ်၊ ပင်းတယမြိုနယ် စသည့်ဒေသများတွင် စစ်တပ်အရာရှိများနှင့် ပျူစောထီးများသည် လိုင်းကြေး၊ ဆက်ကြေးများယူပြီး လောင်းကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ် နေရာအနှံဖွင့်လှစ် ထားကာ မူးယစ်ဆေးများကိုလည်း စစ်တပ်လက်အောက်ခံပျူစောထီးများက ရောင်းဝယ်ဖောက် ကားနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြိုနယ်နှင့် အောင်ပန်းမြိုနယ် အတွင်း၌ ပြုလုပ်နေသည့်လောင်းကစားဝိုင်းများအနေဖြင့် ရပ်တန့်ကြရန် Ywangan People Defence Force (JPRF) က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar