31 C
Yangon

ရန်ကုန်တစ်မြို့လုံး တုန်ဟီးသွားသော ပေါက်ကွဲသံကြီးတစ်ခု ယနေ့ နံနက်အစောပိုင်း ထွက်ပေါ်၊ ကြည့်မြင်တိုင် ဗားကရားဆိပ်ကမ်းအနီး မြစ်ထဲတွင် ဆီတင်သင်္ဘောပေါက်ကွဲမီးလောင်မှုမှ ပေါက်ကွဲသံထွက်ပေါ်သည်ဟု ယူဆ

Must read

ရန်ကုန်၊ မတ် ၁

ရန်ကုန်တိုင်း၊ မြို့နယ်အများစုတွင် ယနေ့ နံနက် ၂ နာရီ ၇ မိနစ်အချိန် အလွန်ပြင်းထန်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ် တုန်ဟီးခဲ့သဖြင့် ပြည်သူအများစု ထိတ်လန့်ခဲ့ရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“အိမ်မှာ အိပ်နေတုန်း အုန်း ဆိုတဲ့ အသံနဲ့အတူ တိုက်ပါ ခါသွားတယ်လို့ ခံစားရတယ်။ မနက် ၂ နာရီ ၇မိနစ်လောက်မှာ။ တစ်အိမ်သားလုံး လန့်နိုးလာကြတာ။ ဗုံးပေါက်တာလား၊ ငလျှင်လှုပ်တာလားပေါ့။ ဖေ့ဘုတ်စ်ပေါ်တက်ကြည့်တော့လည်း အင်းစိန်၊ လှိုင်သာယာ၊ ဗဟန်း၊ ဗိုလ်တထောင် ကိုယ်လိုပဲ ခံစားရတယ်ဆိုပြီး ရေးထားကြတယ်” ဟု စမ်းချောင်းမြို့နယ်၊​အောင်ချမ်းသာလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့လယ်တွင် နေထိုင်ကြသော ပြည်သူများ၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံဘက်ကဲသို့ နေရာများမှ ပြည်သူများကလည်း ပေါက်ကွဲသံကိုကြားရကြောင်း ပြောဆိုကြသည်။

ထိုအချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်းတွင် ဆီတင်သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း အလုံဒေသပြည်သူများက ပြောဆိုကြပြီး ရန်ကုန်တစ်မြို့လုံး တုန်ဟီးသွားသော ပေါက်ကွဲသံမှာ ဆီတင်သင်္ဘောပေါက်ကွဲမီးလောင်မှုမှ ထွက်ပေါ်နိုင်သည်ဟု ပြောဆိုကြသည်။

“အလုံထီးတန်းဆိပ်ကမ်းနားမှာ နေတဲ့ ကိုယ့်အမျိုးတွေပြောတာတော့ ရန်ကုန်မြစ်ထဲမှာဆီတင်သင်္ဘော ပေါက်ကွဲပြီး မီးလောင်တယ်ပြောတယ်။ သေဆုံးထိခိုက်မှုလည်းများတယ်လို့သိရတယ်။ ဆီတင်သင်္ဘောပေါက်ကွဲမှုက တစ်မြို့လုံး တုန်သွားတဲ့အထိဖြစ်ပါ့မလားဆိုပြီးလည်း စဉ်းစားစရာတော့ရှိပေမယ့် ပေါက်ကွဲသံထွက်ပေါ်ပြီးတဲ့နောက် သင်္ဘောမီးလောင်မှုပါရှိတာဆိုတော့ ဆက်စပ်မယ်ထင်ပါတယ်” ဟု အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံမီးသတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရမူ မတ်လ ၁ ရက်နေ့ နံနက် ၂ နာရီ ၂၃ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သွားရောက် မီးငြိမ်းသတ်ရာ နံနက် ၃ နာရီ ၃၅ မိနစ်တွင် လုံး၀ မီးငြိမ်းသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article