25 C
Yangon

မောင်တောတွင် အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းတစ်ခုလုံးကို သိမ်းပိုက်ရန် လက်တစ်အလိုရောက်ရှိနေပြီဟုဆို

Must read

ရန်ကုန်၊ မတ် ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းတွင် စစ်ရေးလှုပ်ရှားနေသော အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ၂ နာရီကျော်ကြာ တိုက်ပွဲတွင် စစ်သား အလောင်း ၇ လောင်း နှင့် စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းမှာ ကစဉ့်ကလျားထွက်ပြေးနေသောကြောင့် AA က လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် AA က ယခင်ရက်များတွင် ထိုးစစ်ဆင်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့၊ ခမရ ၅၅၀ တပ်ရင်း တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထိုးစစ်အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက်ရှိကြောင်း၊ စစ်တပ်က ၎င်းတို့၏ စခန်း မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံကာကွယ်နေကြောင်း၊ ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ ၅၅၀ ကို အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article