25 C
Yangon

စစ်ခေါင်းဆောင်၏ သား အောင်ပြည့်စုံ တစ်နေ့တည်း ဝန်ကြီးဌာနတင်ဒါ ၁၃ ခုရယူမှု နှင့် ရခိုင်မှ သေဆုံး (သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ ကျန်ရစ်သူ မိသားစုများ လစာတစ်ဝက်သာပေးတော့မှု မင်းအောင်လှိုင်ကို တပ်အတွင်း အပြင်းအထန်ဝေဖန်နေ

Must read

ရန်ကုန်၊ မတ် ၁

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော ကုမ္ပဏီများက တစ်နေ့တည်းတွင် ဝန်ကြီးဌာန တင်ဒါ ၁၃ ခုအောင်မြင်သွားသော သတင်းမှာ စစ်ကောင်စီတပ်များအတွင်း ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်နေပြီး တိုင်းပြည်စစ်မီးတောက်၍ စစ်သားများ သေဆုံးမှုများပြားချိန် တင်ဒါများ အုပ်စီးခွယူနေသည့် လုပ်ရပ်အဖြစ် တပ်အတွင်း ဝေဖန်မှုများမြင့်တက်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများပြားနေချိန် အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဝန်ကြီးဌာနတင်ဒါ ၁၃ ခုကို တစ်ရက်တည်းတွင် ရရှိသွားသော သတင်းမှာ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များတွင် အရာရှိ၊စစ်သည်များအကြား ပွင့်ပွင့်လင်း လင်း ပြောဆိုဝေဖန်သည်အထိ ဂယက်ရိုက်နေကြောင်း သိရှိရသည်။

“အခု တပ်တွေထဲမှာ အဲဒီတင်ဒါ သတင်းကတော့ အတော်ကို ဟိုးလေးတကြော်ကြော်ဖြစ်ပါတယ်။ တပ်ချုပ်သားက တစ်ရက်တည်း တင်ဒါ ၁၃ ခုအောင်မြင်သွားတဲ့ကိစ္စကို အတော်ကို ဝေဖန်ကြတာ။ တပ်ရေးဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ ၊ ဒုတပ်ရင်းမှူးတွေကအစ ဒါဘာတွေမှာ ဒါတော့ မဖြစ်သင့်ဘူးဆိုတာမျိုးအထိ ဝေဖန်ကြတယ်။ အောက် ခြေ မှာသာ သေနေတာ “ဘုရားဒကာကြီးက ပွဲတက် မပျက်၊ သူ့သားက တင်ဒါတွေ ရ၊ ဘယ်ဘက်လက်က တစ်ဆုပ်လှူ၊ ညာဘက်လက်က တင်ဒါတွေ တစ်ပြုတ်ကြီးယူ ဆိုတာမျိုးတွေ ဝေဖန်ကြတယ်” ဟု နေပြည်တော် ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)မှ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်လော်ဘီအသိုင်းအ၀ိုင်းများတွင်လည်း လူမှုကွန်ရက်များ၊ တယ်လီဂရမ်များပေါ်တွင် မင်းအောင် လှိုင် ၏ သားဖြစ်သူ အောင်ပြည့်စုံက တစ်ရက်တည်းတွင် တင်ဒါ ၁၃ ခုကို ပြိုင်ဘက်မရှိ ရယူ အောင်နိုင်သွားသည်ဆိုသော သတင်းများကို ဖြန့်ဝေနေကြပြီး အရှက်မရှိသော လုပ်ရပ်အဖြစ် ဝေဖန်မှုများ ရှိနေကြောင်း သိရှိရသည်။

“သူ့သား တော် လေးအဖို တော့တ နေ့ ထဲကိုတင်ဒါ ၁၃ ခုနိုင် အောင်ဆွဲခဲ့တယ်တဲ့ ။ တော်လိုက်တာ အဖေ့ခြေရာနင်းပြီးစီးပွားရေးလာဘ်မြင်လိုက်ပုံများ” ဟု စစ်တပ်ထောက်ခံထောက်ခံသော တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြန့်ဝေ သတင်းရေးသားထားသည်။

စစ်တပ်ထောက်ခံသော အမျိုးသားရေးအစွန်းရောက် အသိုင်းအ၀ိုင်းတွင်လည်း မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ တင်ဒါ ၁၃ ခု ရယူနေခြင်းမှာ မင်းအောင်လှိုင်၏ သိက္ခာမဲ့သော လုပ်ရပ်အဖြစ် ဝေဖန်ကြပြီး တိုင်းပြည်ကို အမှန်တကယ် ထူထောင်လိုသော ဒုစစ်ခေါင်း စိုးဝင်း အပါအဝင် စစ်ခေါင်းဆောင်တချို့က မင်းအောင်လှိုင်နှင့်မိသားစုကို ဖယ်ရှားကာ အာဏာရယူမှ နိုင်ငံတော်ကို ထိန်းသိမ်းနိုင်မည်၊ ပြည်ထောင်စု မပြိုကွဲရေး ကာကွယ်နိုင်မည်ဟု လူမှုကွန်ရက်များတွင် ရေးသား ဝေဖန်ပြောဆိုနေကြသည်။

ထို့ပြင် အခြားသော တစ်ဖက်တွင်လည်း ရခိုင်တွင် AA နှင့်တိုက်ပွဲများတွင် သေဆုံးခဲ့သော တပ်မ ၁၁ လက် အောက်ခံ တပ်များတွင် သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ မိသားစုများကို ယခု ဖေဖော် ဝါရီလမှစတင်၍ လစာ တစ်ဝက်သာ ပေးတော့ကြောင်း၊ လစာတစ်ဝက်သာရရှိသော ကျန်ရစ်သူ မိသားစုများမှာ တပ်မ ၁၁ လက်အောက်မှ ခမရ ၂၁၁၊ ခမရ ၂၁၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၄ ၊ ခမရ ၂၁၅ ၊ ခမရ ၂၁၆ ၊ ခမရ ၂၁၇ ၊ ခမရ ၂၁၈ ၊ ခမရ ၂၁၉ ၊ ခမရ ၂၂၀ စုစုပေါင်း တပ်ရင်း ၁၀ တို့မှ ကျန်ရစ်သူမိသားစုများဖြစ်ကြောင်း သိရှိရသည်။

“တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတွေက ရခိုင်၊ မီး၀၊ ပလက်၀၊ ရသေ့တောင်မှာ ခံတိုက်လို့ သေသူတွေ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဒီလကစပြီး လစာတစ်ဝက်ပဲ ပေးပါတော့တယ်။ ခံတိုက်လို့ သေသူကသေ၊ ကျဆုံးသူက ကျဆုံး။ အဲဒါကို ကျဆုံး (သို့မဟုတ်) ပျောက်ဆုံး အရာရှိစစ်သည်တွေရဲ့ လစာတစ်ဝက်သာ ပေးတာက ကျန်ရစ်သူ တပ်မိသားစုတွေအားလုံး စိတ်အရမ်းနာနေကြတယ်။ စောက်ရမ်းပဲ့သော တပ်ချုပ်ပါပဲ” ဟု ခမရ ၂၂၀ မှ ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ဆိုသည်။

ထို့ပြင် ရခိုင်မှ လွတ်မြောက်လာသော သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ ကျန်ရစ်သူ မိသားစုဝင် ၁၁၂ ဦးမှာလည်း ရန်ကုန်ရှိ ဘုရင့်နောင်စစ်ကြောရေးရိပ်သာတွင် အလှူရှင်များကိုသာ အားကိုး၍ နေထိုင်စားသောက်နေရကြောင်း သိရှိရသည်။

“ဘုရင့်နောင် စစ်ကြောရေးနဲ့ တည်းခိုရိပ်သာမှာ ရောက်ရှိနေတဲ့ ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေလည်း စား စရာမရှိဘူး။ တပ်ကလည်း သူတို့ရှိတဲ့ အထဲက မျှတ ကျွေးရတယ်။ အလှူရှင်တွေလာရင်တော့ အဆင်ပြေတယ်။ အဲဒါတွေကို ဘာလုပ်ပေးမှာလဲလည်း မသိဘူး။ ဒီအတိုင်းပဲ ထားထားတယ်။သူတို့လင်တွေ သားတွေက အသက်စွန့်သွားပြီ။ ကျန်ရစ်သူတွေကို တပ်က ဘာမှ လုပ်မပေးဘူး” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးတပ်(ဘုရင့်နောင်)တွင် ရခိုင်ပြည်နယ်၊ စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ စစ်သည်၊အရာရှိများ၏ ကျန်ရစ်သူ မိသားစုဝင် ၁၁၂ ဦးတိုရောက်ရှိနေထိုင်နေကြခြင်းဖြစ်သည်။

ဓာတ်ပုံ – အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူနှင့် သားဖြစ်သူ အောင်ပြည့်စုံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူနှင့် သားဖြစ်သူ အောင်ပြည့်စုံ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article