25 C
Yangon

Breaking News- ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖ ကြေညာ

Must read

ရန်ကုန်၊ မတ် ၁

ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖက တရားဝင် ကြေညာလိုက်သည်။

ရန်ကုန်မြစ်အတွင်းမှ စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထီးတန်းဆိပ်ကမ်းသို ဆိုက်ကပ်ပြီး ဆီချရန် စောင့်ဆိုင်း နေ သော Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်းပကဖ ( ရေငုပ်အထူးတပ်ဖွဲ)က ချိန်ကိုက်TNT မိုင်း အသုံးပြု၍ ပေါက်ကွဲမှုဖြစ် စေရန် မစ်ရှင် ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

“ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ရက် လောက်တည်းက မြစ်ဝ ရောက် နေတာ။ အရင်က သီလဝါကိုပဲ ကပ် နေတဲ့ လေယာဥ်ဆီတင် တွေ ထီးတန်းဘက် လာကပ်မယ်လို ကြိုသတင်းရထားတာ။ ဒါ ကြောင့် သင်္ဘော ရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ရေငုပ်ကျွမ်းကျင်ရဲ ဘော် တွေက မစ်ရှင် ဖော် ဆောင်ဖို စောင့် နေခဲ့ကြတာ။ မ နေ့က ၂၉ ရက် နေ့ည ၈နာရီ လောက်မှာ ဒီမစ်ရှင်အတွက် စနစ်တကျပြင်ဆင် စေလွှတ်ပြီး သင်္ဘော ပေါ်တက် ချိန်ကိုက်မိုင်း TNT 1Kg ကို အ ငွေ့ကန်နား ထားခဲ့နိုင်ပါတယ်။ လုံခြုံ ရေး တွေ သတိမပြုမိ အောင်ရယ် ကိုယ့်လူ တွေ safety ဖြစ် အောင်ရယ် အချိန် ၅နာရီ လောက် Timer ပေးခဲ့ရတာပါ။ ည ၁နာရီ၄၅ လောက်မှာ ပေါက်ကွဲ အောင် ထားခဲ့တာ။ ဆီကန် ၇ ကန်ရှိတဲ့အထဲက အ ငွေ့ကန်ကို ကပ်နိုင် အောင် ပညာရှင် တွေနဲ့ သေချာတိုင်ပင်ပြီး ခက်ခဲစွာ ကြိုးစားခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် တော်လှန်ရေးရဲဘော်များ လုံခြုံစိတ်ချရသည့် နေရာသို ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရဲ ဘော် တွေ လုံခြုံစိတ်ချရတဲ့ နေရာ ရောက်မှ သတင်းထုတ်ပြန်မှုလုပ်ရခြင်းဖြစ်ပါတယ်။ အခု မစ်ရှင် ကြောင့် စကစ ဟာ အထိနာခဲ့ပြီး လေယာဥ်ဆီပြတ်လပ်မှုဖြစ်သွားနိုင်လို တော်လှန် ရေးအင်အားစု တွေ လုပ်စရာရှိတာ အားစိုက်လုပ်ကြဖို အ ရေးကြီး ကြောင်းတိုက်တွန်းထားပါတယ်။အဆိုပါ မီးလောင်ပေါက်ကွဲ တဲ့သင်္ဘောကို မနက်၄နာရီကျော်မှာတွန်းသင်္ဘောဖြင့် ရန်ကုန်မြစ်ဝဘက်ဆွဲသယ်ပီးအစဖျောက်ထား ကြောင်းသိရပါတယ်” ဟု ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article