25 C
Yangon

ရန်ကုန်နှင့် မန္တလေးရှိ မြိုနယ်တချိုတွင် ရှေ့တန်းရောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များအတွက် စီးပွား ရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများထံမှ အလှူငွေများ ကောက်ခံ

Must read

ရန်ကုန်၊ မတ် ၂

ရန်ကုန်နှင့်မန္တလေးတိုင်းရှိ မြိုနယ်တချိုတွင် ရှေ့တန်းရောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများ ကောက်ခံနေကြောင်း လုပ်ငန်းရှင်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးရှိ မြိုနယ်တချိုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကြောင်း၊ အစည်းအဝေးတွင် တိုင်းပြည်တွင် စစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံ၏ အခြေအနေများအရ စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များကလည်း တတ်စွမ်းသမျှ နိုင်ငံအတွက် ငွေကြေးများ ပါဝင်ထောက်ပံ့ကြရန် လိုအပ် ကြောင်း ပြောဆိုကာ အလှူငွေများ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁ ရက်နေ့ အမရပူရမြိုနယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ၍ စစ်တပ်အတွက် တတ်စွမ်းသမျှ လှူကြရန် ပြောဆိုပြီး အနည်းဆုံး ၃ သိန်း အလှူခံသွားကြောင်း သိရှိရသည်။

” အမရပူရမှာ ထွေ/အုပ်က ကုမ္ပဏီတွေကို အစည်းဝေးခေါ်ပြီး ရှေ့တန်းထွက် ခြင်းကြား တပ်အတွက် ကုမ္ပဏီ တစ်ခုကို သဒ္ဓါသလောက်လိုပြောပြီး အနည်း ၃သိန်း အလှူခံပါတယ်” ဟု စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို၊ လှိင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးကမူ လှိင်သာယာမြိုနယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အဖွဲဝင် ဗိုလ်မှူးတစ်ဦးက စီးပွားရေးသမားများ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်ရေး လှိင်သာယာမြိုနယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော စစ်တပ်နှင့်ရဲများအတွက် ဟုဆိုကာ ငွေကျပ် အနည်းဆုံး သိန်း ၅၀ အလှူခံလာကြောင်း၊ ထိုကြောင့် လုပ်ငန်းရှင်က စီးပွားရေး မကောင်းမွန်သဖြင့် သိန်း ၂၀ သာ ယူပါရန် ညှိနှိင်းမှုဖြင့် အလှူငွေ ထည့်ဝင်လိုက်ရကြောင်း ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်မှ ဌာနပေါင်းစုံပါဝင်သော မြိုနယ်လုံးဆိုင်ရာအစည်းအဝေးတစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်မှ ဌာနပေါင်းစုံပါဝင်သော မြိုနယ်လုံးဆိုင်ရာအစည်းအဝေးတစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article