ရန်ကုန်၊ မတ် ၄
မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်တွင် ပျူစောထီး ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-ပကဖ က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဂန့်ဂေါမြိုနယ်၊ ဝင်ဝပျူစောထီးရွာမှ ပျူစောထီး ၃ ဦးသည် ၎င်းတို ကိုင်ဆောင်ထားသော ကာဘိုင်သေနတ် ၃ လက် နှင့် ကာဘိုင်ကျည် ၄၅၀ တောင့်တိုနှင့်အတူ ဂန့်ဂေါမြိုနယ် ပကဖ ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဂန့်ဂေါမြိုနယ်၊ ဝင်ဝပျူစောထီးရွာမှ ပျူစောထီး ၂ ဦးသည် ၎င်းတို ကိုင်ဆောင်ထားသော ကာဘိုင် ၁ လက်၊ Shotgun ၁ လက်၊ ကာဘိုင်ကျည် ၂၀၀ တောင့်၊ ၄.၈ ကျည် ၅၉ တောင့် တိုနှင့်အတူ ဂန့်ဂေါမြိုနယ် ပကဖ ထံ ချိတ်ဆက်ကာ အလင်းဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။
ထိုသို အလင်းဝင်ရောက်လာသော ပျူစောထီးများကို ဂန့်ဂေါမြိုနယ် ပကဖ မှ လိုအပ်သော စစ်ဆေးချက်များ ရယူခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် လက်နက်ဖြင့် အလင်းဝင်ရောက်လာသော ပျူစောထီးများကို ဂန့်ဂေါမြိုနယ်ပကဖ မှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၀ သိန်း ချီးမြှင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြိုနယ်တွင် ရဲတပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
မတ်လ ၂ ရက်နေ့တွင် ဟားခါး မြိုပေါ်မှ ရဲတပ်သား ၁ ဦး သေနတ် ၁ ယူဆောင်လာပြီး အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များကို လက်မခံနိုင်သောကြောင့် နွေဦးတော်လှန် ရေးတွင် ပါဝင်လိုသည့်အတွက် လက်နက်အပြည့်အစုံဖြင့် Chinland Defense Force – Hakha ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော ရဲတပ်သားကို CDF-Hakha က ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ပိုဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီကို ကျောခိုင်းပြီး CDM ပြုလုပ်ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပါဝင်လိုသူ အားလုံးသည် CDF-Hakha ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အလင်းဝင်လိုသူများကို လွတ်မြောက် နယ်မြေရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





