31 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၄ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • PDF တွေ အပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင် နေတဲ့ အဖွဲ့မှန်သမျှအားလုံးကို မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်ပြီး ၊ ရခိုင်တစ်ပြည်လုံးနဲ့အတူ မြန်မာပြည်သူတွေအားလုံး လွတ်မြောက်ဖို့ နဲ့ ရခိုင်ဒေသအတွက် ကွန်ဖယ်ဒရိတ် ထက် မနိမ့်တဲ့ အဆင့်ကို ရယူသွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောဆိုလိုက်ပါတယ်။
  • ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီ နဲ့ မည်သည့် ဆွေးနွေးမှုမှ မရှိဘူးလို့ ရက္ခိုင်တပ်တော် AA ဒု စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောလိုက်ပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို စစ်သင်တန်း ၂ ပတ် ပေးပြီး ရှေ့တန်း စစ် မြေပြင်တွေကို စတင်စေလွှတ်လိုက်ပြီလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်လိုက်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article