ရန်ကုန်၊ မတ် ၅
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန် ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက် ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက် ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေး ၂ ကောင်ချက်ချင်းသေတယ်။ ၂ ကောင်ဒဏ်ရာရတယ်။ စက်လက်သမား ဦးခေါင်း ထိခိုက်ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖ ၊ ဒီပဲယင်းမြို့နယ် အခြေစိုက် (mobile team) အဖွဲ့၊ ဘုတလင်မြို့နယ် တိုက်နယ် ၂ လက်နက်ကြီးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar