25 C
Yangon

ရမည်းသင်းမြိုနယ်၊ အမှတ် ၃ စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းသို နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ် ၄၀၀ ကျော် တပ်သားသစ်များအဖြစ် စစ်သင်တန်းတက်ရန် ရောက်ရှိလာ

Must read

ရန်ကုန်၊ မတ် ၅

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း ဧည့်စာရင်းမှု၊ မှတ်ပုံတင်မရှိမှု အပါအဝင် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူခဲ့သော ပေါ်တာဆွဲခံရသည့် လူငယ် ၄၀၀ ကျော်ကို တပ်သားသစ်များအဖြစ် ရမည်သင်းမြိုနယ်၊ အမှတ် ၃ စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းသို ပိုဆောင်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မတ်လ ၂ ရက်နေ့တွင် ရမည်းသင်းမြိုနယ်၊ အမှတ် ၃ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို ၁၂ ဘီးကား အစီး ၂၀ ဖြင့် လူငယ် ၄၀၀ ကျော် ကို သယ်ဆောင်ရောက်ရှိလာကြောင်း ဒေသပြည်သူများက သတင်းပေးပိုလာသဖြင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်သို မေးမြန်းရာ ဖေဖော် ဝါရီလအတွင်း စစ်တပ်က နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးခဲ့သော လူငယ်များဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

“ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို နေပြည်တော်မှာ ပြန်စုပြီး ရမည်းသင်း အမှတ် ၃ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းကို ပိုတယ်လို သိရပါတယ်။ ကားတစ်စီးမှာ လူငယ် ၂၀ ကျော်ပါတယ်။ ၁၂ ဘီးကား အစီး ၂၀ နဲ့ပိုတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါလူငယ်များသည် ရန်ကုန်မြို၊ မန္တလေးမြို၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အပါ အဝင် မြိုကြီးများနှင့် လမ်းခရီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်မပြနိုင်မှု၊ ဖုန်းအတွင်း နိုင်ငံရေးစာသားများတွေ့ရှိ ရမှု၊ ဧည့်စာရင်းမတိုင်မှု စသည်ဖြင့် အကြောင်းအမျိုးမျိုးပြ၍ စစ်တပ်က ဖမ်းဆီးလာခဲ့သော လူငယ်များဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ကြောင်း သိရှိရသည်။

ထိုလူငယ်များသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေ မကြေညာမီကတည်းက ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များဖြစ်ပြီး ဖေဖော်ဝါရီလတစ်လလုံး နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရမည်းသင်း စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်သင်တန်းပေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရမည်းသင်း စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်သင်တန်းပေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article