24.9 C
Yangon

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမျိုးဆက် အဖွဲ့ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒေါင်းမျိုးဆက် အဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစု များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းရှိ တိုင်းရုံးနှင့် ထောက်ပို့တပ်ကို ရော့ကတ်များ ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်မ ဌာနချုပ် အဝင် အထွက်များကို စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“တိုင်းရုံးထဲကို ၇ လုံးကျတယ်။ ထောက်ပို့တပ်ထဲကို ၄ လုံးကျတယ်။ ၁၁ လုံး စလုံးလည်း ကွဲတယ်၊ အထိအခိုက်ပျက်စီးဆုံးရှုံးမှုကတော့ အထဲကလူလည်း အပြင်မထွက်ရဘူး အပြင်ကလူလည်း အထဲကို မဝင်ရဘူးဆိုပြီး ပိတ်ဆို့ထားလို့ ဘာမှမသိရသေးဘူး လောလောဆယ်တော့ ကားတွေနဲ့ ခြေလျင် တွေနဲ့ နမခ အနီးတဝိုက်ကို အကုန်လုံးတပ်ဖြန့်ထားတယ်။ ခွေးတွေဘက်က ၈၀ မမနဲ့ ၅ လုံးလောက် ကောင်တာပြန်ပစ်တာတော့ရှိတယ်” ဟု ဒေါင်းမျိုးဆက်အဖွဲ့ ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်က ပြောဆိုသည်။

Photo – ၂၀၂၃ ခုနှစ်က ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများကို ရော့ကတ်ဖြင့် ပစ်ခတ် တိုက်ခိုက်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ်က ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများကို ရော့ကတ်ဖြင့် ပစ်ခတ် တိုက်ခိုက်စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article