25 C
Yangon

မြဝတီမြိုနယ်၊ ရွှေကုက္ကိုလ် လောင်းကစားမြိုတွင် အလုပ်လုပ်ကိုင်နေသူများကို တစ်ဦးလျှင် ထိုင်းဘတ် နှစ်သောင်းနီးပါး ထပ်ကောက်ခံမည်ဟု အကြောင်းကြားလာ၊ ဒုတိယအကြိမ် ငွေကောက်ခံဖြစ်ပြီး အများစု မပေးနိုင်ကြဟုဆို

Must read

ရန်ကုန်၊ မတ် ၆

ကရင်ပြည်နယ် မြဝတီမြိုနယ်၊ ရွှေကုက္ကိုလ် လောင်းကစား မြိုတွင် အလုပ်လုပ်ကိုင်နေသူများကို ဒေသဖွံဖြိုးရေးအတွက်ဆိုကာ တစ်ဦးလျှင် ဘတ် ၈၉၉၁ ကောက်ခံနေကာ မတ်လတွင်လည်း တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ်ကောက်ခံမည်ဟု အကြောင်းကြားလာကြောင်း ရွှေက္ကိုလ်တွင် အလုပ်လုပ်နေသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကောက်ခံနေခြင်းဖြစ်ပြီး ပေးဆောင်ပြီး ၈၉၉၁ ဘတ်အပြင် နောက်ထပ် ထပ်မံ၍ မတ်လ ၁၅ ရက်နေ့တွင် ၁၉၈၈၈ ဘတ် ပေးဆောင်ရမည်ဟု သတင်းထွက်ပေါ်နေ၍ အလုပ်လုပ်ကိုင်နေသူများ အခက်တွေ့နေကြကြောင်း ရွှေကုက္ကိုလ် မြိုင်ရှိ ကုမ္ပဏီများတွင် အဖြစ် လုပ်ကိုင်နေသူများက ပြောကြားသည်။

” ရွှေက္ကိုလ်မှာ လုပ်နေတဲ့ လူငယ်တွေဆီက ဒေသဖွံဖြိုးကြေးဆိုပီး ဘတ်ငွေ ၈၉၉၁ ဘတ်ကောက်ခံခဲ့ပြီးပြီ။ ကျွန်တော် ကိုယ်တိုင် ပေးခဲ့ရတာပါ။ ၈၉၉၁ ဘတ်ပေးပြီးတဲ့အပြင် နောက်ထက်တစ်လအတွင်း ၁၉၈၈၈ ထိုင်းဘတ် ထပ်ပေးဆောင်ရမယ်ပြောပါတယ်”ဟု ရွှေက္ကိုလ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

ရွှေက္ကိုလ်မြိုကို ဗိုလ်မှူး ကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ်များက အဓိက ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ မြိုပတ်ပတ်လည်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများအခြေပြုရာ လောင်းကစားမြိုတော် ရွှေက္ကိုလ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများအခြေပြုရာ လောင်းကစားမြိုတော် ရွှေက္ကိုလ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article