35 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၆ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ပုဏ္ဏားကျွန်းမြို့က ခမရ ၅၅၀ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဖြိူးသူအောင်၊ ဗိုလ်မှူးစောထွေး အပါအဝင် စစ်သားအများအပြား သေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ ရက္ခိုင့် တပ်တော် AA က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
  • စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က သစ်ဖုလှ- ဘုရားကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ပေါင်းစုကနေ တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်သား ၃ ဦး ရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိထားပြန်တယ်လို့ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
  • ပဲခူးတိုင်း၊ ရေတာရှည်မြို့ အဝင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး လိုက်ပါလာတဲ့ ရိက္ခာပို့ကားကို တော်လှန်ရေးတပ်တွေကနေ ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးလုံး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article