25 C
Yangon

ဆီဆိုင်မြိုနှင့် ကျောက်တော်မြိုကို စစ်တပ်က လက်နက်ကြီး လေကြောင်းတိုဖြင့် တိုက်ခိုက်မှု ဆေးရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

ဟိုပုံးမြိုနယ်တွင် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်းကို PNLA က ပြန်လည် ပြုပြင်

ရန်ကုန်၊ မတ် ၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြိုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ် တိုက်ခိုက် ခြင်းကြောင့် ဆေးရုံ အဆောက်အဦးနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆီဆိုင်မြိုအတွင်းသို လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုကာ တနေကုန် အကြိမ် ၁၀၀ နီးပါး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဆီဆိုင်ဆေးရုံရှိ အဆောက်အဦးများနှင့် မြိုတွင်းရှိအဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုပြင် မတ်လ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက မဲနယ်တောင်ဒေသကို ဟိုပုံးမြိုဘက်မှနေ၍ လက်နက်ကြီးများဖြင့် ၁၈ ကြိမ် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

ဟိုပုံးမြိုနယ်၊ မဲနယ်တောင်ဒေသရှိ အများပြည်သူ သွားလာနေသည့်လမ်းပိုင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သောကြောင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က လမ်းပိုင်းများကို ပြန်လည် ပြုပြင်ပေးခဲ့ပြီး လက်ရှိချိန်တွင် မော်တော်ယာဉ်များ ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကုန်စည် စီးဆင်းရာ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် ဟိုပုံး-မိုင်းပွန် လမ်းမကြီးကိုလည်း ၎င်းတို စိတ်ကြိုက် အဖွင့် အပိတ် ပြုလုပ်နေသောကြောင့် ကုန်သည်များနှင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ ပျက်စီးပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၅ ရက် နံနက် ၁ နာရီကျော်ခန့်တွင် ကျောက်တော်မြိုကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်တော်မြို လျှပ်စစ်ဓာတ်အားပေး စက်ရုံ လုံးဝပျက်စီးသွားပြီး ကျောက်တော်မြို ပိုက်သည်ရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ် ဘိုလှဌေး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်တော်မြိုအနီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သား ပြည်သူများနေထိုင်ရာ မြိုပေါ်ကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကျောက်တော်မြိုကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံအပြင် အနီးရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းကိုလည်း ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရခိုင်ပြည်အတွင်း AA ထံ စစ်ရှုးနေချိန် လက်လွှတ်လိုက်ရသော မြိုရွာများကို ဗုံးကျဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လျှက်ရှိပြီး လမ်း၊ တံတား၊ ဆက်သွယ်ရေး တာဝါတိုင်၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးရုံးများနှင့် အများပြည်သူဆိုင်ရာ အဆောက်အဦးများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article