26 C
Yangon

အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် သိန်း ၄၀ ကျော်ပြီ

Must read

ရန်ကုန်၊ မတ် ၆

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မီးလင်းရွှေ ခေါ် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ ကျော်သွားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာ့ရွှေစျေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၉၉၈,၀၀၀ ကျပ် ဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄, ၀၀၀,၈၀၀ ကျပ်အထိ စျေးပေါက်လာကြောင်း၊ အဓိကအားဖြင့် ကမ္ဘာ့ရွှေစျေး စံချိန်တင် မြင့်တက်လာခြင်းဖြစ်ကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁၃၃ ဒေါ်လာ ရှိနေကြောင်း သိရှိရသည်။

“ကမ္ဘာ့စျေးက စံချိန်တင်တက်တော့ မြန်မာ့ရွှေလည်း လိုက်တက်တာ။ အမေရိကန်ဒေါ်လာလည်း ပြည်တွင်းမှာ အရမ်းကြီး အပြောင်းအလဲ နည်းတယ်။ အခု အရွက်စျေးက တစ်ဒေါ်လာ ၃၆၅၀ ကျော်လောက်ရှိတယ်။ ဒေါ်လာစျေး နည်းနည်းငြိမ်တော့ ခံသာတာ။ ဒေါ်လာစျေးပါလိုက်တက်ရင် ရွှေစျေးက သိန်း ၄၀ အထက်ကို အတော်ကို တက်မှာ။ အရောင်းအဝယ်ကတော့ ရောင်းသူများတယ်။ ဝယ်သူလည်းများတယ်။ မျှပါတယ်” ဟု ရန်ကုန်တိုင်းမှ မီးလင်းရွှေကုန်သည်တစ်ဦးကရှင်းပြသည်။

ဓာတ်ပုံ – ပြည်တွင်းစျေးကွက်မှ အကယ်ဒမီ မီးလင်းရွှေ အတုံးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်တွင်းစျေးကွက်မှ အကယ်ဒမီ မီးလင်းရွှေ အတုံးများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article