25 C
Yangon

မုံရွာမြိုနယ်၊ ကြီးဗဒုံကျေးရွာနှင့် ခိုသန်းကျေးရွာကို စစ်တပ်က မီးတင်ရှိမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ်ခြေ ၁၅၀ နီးပါး မီးလောင်ကျွမ်း

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ ကြီးဗဒုံကျေးရွာနှင့် ခိုသန်းကျေးရွာကို စစ်တပ်က မီးတင်ရှိမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ်ခြေ ၁၅၀ နီးပါး မီးလောင်ကျွမ်းသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

မတ်လ ၅ ရက်နေ့ ည ၈ နာရီကျော်အချိန် စစ်ကိုင်းတိုင်း မုံရွာမြိုနယ် ကြီးဗဒုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာပြီး အိမ်ခြေများကို မီးရှိဖျက်ဆီးကြောင်း၊ မီးရှိမှု ကြောင့် အသက် ၆၀ နီးပါး အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးပြီးအိမ်ခြေ ၄၀ ကျော် ပြာကျသွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘဲ အဲဒီစစ်ကြောင်းက ဝင်လာပြီး မီးရှိတာ။ မပြေးနိုင်လို အဖမ်းခံရတဲ့ အမျိုးသမီး ၁ ဦး ထဲပါသွားတယ်။ ကြီးဗဒုံးကျေးရွာကို မီးမမရှိခင် ပစ္စည်းတွေ လုယက်ရှာဖွေသွားသေးတယ်။ ပျူစောထီးတွေလည်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း မုံရွာမြိုနယ် ခိုးသန်းကျေးရွာကိုလည်း စစ်တပ်က ဒုတိယအကြိမ် မီးရှိဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲက အိမ်ခြေ ၅၀၀ ကျော်ရှိသော ခိုးသန်းကျေးရွာကို မတ်လ ၁ ရက်နေ့တွင် ပထမအကြိမ်မီးရှိခဲ့ပြီး ကျေးရွာဆေးပေးခန်းအပါအ၀င်အိမ်ခြေ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မီးရှိသွားခြင်းဖြစ်ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article