25 C
Yangon

မုံရွာမြိုနယ်၊ ခိုးသန်းရွာကို စစ်တပ်က ၂ ကြိမ် မီးရှိ ဖျက်ဆီးမှု အဖွားအို ၁ ဦးသေဆုံးပြီး နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ၊ စစ်ကိုင်းမြိုနယ်၊ ညောင်ပင်ဝန်း ရဲကင်းစခန်းရှေ့တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ ခိုးသန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှိ ဖျက်ဆီးခြင်းကြောင့် အဖွားအို ၁ ဦးသေဆုံးပြီး နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ၀န်းကျင်မှာ အကြမ်းဖက် စစ်တပ်က ခိုးသန်းကျေးရွာကို ဒုတိယအကြိမ် စစ်ကြောင်း ၀င်ရောက် မီးရှိဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဖွားအို ၁ ဦး မီးလောင် သေဆုံးကာ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းသည် မုံရွာမြိုနယ်၊ မင်းတဲကျေးရွာမှ ခိုးသန်းကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ၀င်ရောက် စီးနင်းခဲ့ခြင်းပြီး ကျေးရွာ ရေပေးဝေရေး စက်များ အပါအ၀င် နေအိမ်များကို အကြောင်းမဲ့ မီးရှိဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါက ဒုတိယအကြိမ် မီးရှိခံရတာ မတ်လ ၁ ရက်နေ့က တစ်ခါ ရှိသေးတယ်။ အဲ့ဒီတုန်းက ဆေးပေးခန်းရော၊ ရွာပိုင်ကျန်းမာရေးကားရော အိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်။ အခုအိမ် ၁၀၀ ကျော်နဲ့ အဖွားအို ၁ ဦး မီးလောင် သေဆုံးတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ခိုးသန်းကျေးရွာသည် မုံရွာမြို ကျောက်စစ်ပုံ အမြောက်တပ်အနီးရှိ အိမ်ခြေ ၄၀၀ ၀န်းကျင်ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ မီးရှိဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်း အိမ်ခြေ ၃ ပုံ ၂ ပုံ နီးပါး မီးလောင် ပျက်စီးသွားပြီဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများထံမှ သိရသည်။

မုံရွာမြို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ကျောက်စစ်ပုံ အမြောက်တပ် အနီး၀န်းကျင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ပြီး စစ်ကြောင်းထိုး မီးရှိနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာ ၁၀ ရွာ ၀န်းကျင်ရှိ နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မုံရွာနယ်ထဲကဆို ခိုးသန်း၊ ဘူးတောင်းကန်၊ ကံပြား၊ တဲကြီးကုန်း၊ ပေကုန်း၊ ဖန်းခါးကျင်း ၊ကြီးဗဒုံ နဲ့ ဘုတလင်နယ်ထဲက ဇီးတော၊မြိုပေါ် အဲ့ဒီရွာတွေ မီးရှိခံထားရတာ အိမ်ခြေ ၅၀၀ လောက် မီးလောင်ပြာကျထားတယ်။ စစ်ရှောင်တွေ အတွက် အကူအညီတွေလည်း လိုနေတယ်” ဟု မုံရွာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ၀င် တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို စစ်ကြောင်းထိုး ၀င်ရောက်ပြီး မီးရှိသတ်ဖြတ်နေသည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ်၊ ညောင်ပင်ဝန်း ရဲကင်းစခန်းရှေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်ပင်ဝန်း ရဲကင်းစခန်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကားပေါ်လိုက်ပါသည့် လူငယ်များကို ပေါ်တာဆွဲ နေကြောင်း သိရသည်။

“ညောင်ပင်ဝန်း ရဲကင်းစခန်းက စစ်ခွေးတွေ ရမ်းသမ်း ပစ်ခတ်လို ပြည်သူ ၁ ဦးသေဆုံးတယ်လို သိရတယ်။ ရဲကင်းစခန်းရှေ့မှာ ခွေးအင်အား ခန့်မှန်း ၇၀ ခန့်ရှိန်တယ်။ သေဆုံးပြည်သူက ညောင်ပင်ဝန်းမှာ အိမ်ထောင်ကျနေတာ နောက်ထပ် ပြည်သူ ၁ ဦးလည်း ထိခိုက်ထားတယ်လို သိရတယ်။ ခရီးသွား ကားတွေပေါ်က လူငယ်တွေကိုလည်း ပေါ်တာပါ ဆွဲနေတာလို သိရတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article