25 C
Yangon

ကျွန်းစုမြို့နယ်၊ ဝါရစ်ဂျိုးတောင်ရွာရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၆

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ဂျိုးတောင်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ဝါရစ်ဂျိုးတောင်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ က ဝင်ရောက် တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဝါရစ်ဂျိုးတောင်ရွာမှာ ဖြစ်တာပါ တိုက်ပွဲက စစ်ခွေးတွေနဲ့ ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်တာ တိုက်ပွဲက မိနစ် ၃၀ လောက် ပစ်ခတ်မှု အပြန်အလှန် ရှိခဲ့တယ်။ စစ်ခွေးတွေဘက်က အရာရှိ ၁ ဦး အပါအဝင် ၆ ဦး သေတယ်။ ၁ ဦး ဒဏ်ရာ ပြင်းထန်တယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်လို့ လက်နက်ဝင် မကောက်နိုင်ခဲ့ဘူး” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ သည် တနင်္သာရီကာကွယ်ရေး ပြောက်ကျား၊ တနင်္သာရီ ရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ၊ကျွန်းစု ပကဖ၊ ပုလော ပကဖ၊ တိုင်းလုံခြုံရေးအဖွဲ့ Dragon squad ဒရုန်းတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article