32 C
Yangon

ကနီမြိုနယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ ည ၁၁ နာရီအချိန်မှ မတ်လ ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်အထိ စစ်ကိုင်းတိုင်း၊ ကနီမြိုနယ် မြောက်ခြမ်းရှိ တောင်ကိုးလုံးရွာ၊မိချောင်းတွင်းရွာ နှင့် ကင်းအထက်ရွာသို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“တောင်ကိုးလုံးရွာကို မတ်လ ၅ ရက်နေ့ ည ၁၁နာရီ၄၅မိနစ်ကစပြီး ဗုံးတွေ လာကျဲတယ်။ အိမ် ၂ လုံးပျက်စီးတယ်။ ပြည်သူ ၃ ဦးဒဏ်ရာရတယ်။ မတ်လ ၆ ရက်နေ့ ည ၁၂နာရီမှာ အထက်ကင်းရွာကို ထပ်ပစ်တယ်။မိန်း ကလေး ၂ ဦးဒဏ်ရာရတယ်။ မိချောင်းတွင်းရွာကို မတ်လ ၆ ရက်နေ့ ၂ နာရီနဲ့ ၁၀မိနစ်ကစပစ်ခတ်တယ်။ပထမ ပစ်တုန်းက စက်လက်နက်နဲ့ ပစ်တယ်။ Rocket၃လုံးနဲ့ပစ်တယ်။ ဗုံး ၁ လုံးကျဲတယ်။ မိချောင်းတွင်းရွာမှာ အမျိုး သားတစ်ဦး နေရာတင်ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်တာရယ်၊ ၆ နှစ်ကလေးနဲ့ စုစုပေါင်း ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရတယ်” ဟု ကနီမြိုနယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ မြေပဲခွဲစက် ၁ လုံး၊ နွား ၂ ကောင်လည်း သေဆုံးခဲ့ရပြီး ပြည်သူထောင်ချီ၍ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article