25 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်ခန့်တွင် ဒီပဲယင်းမြို့အတွင်းရှိ အကြမ်းဖက် စစ်သားနှင့် ရဲများ အထိုင်ချ‌ တပ်စွဲထားသော ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် စခန်းကို fixed wings နည်းပညာ တိုက်ခိုက်ရေး Drone များဖြင့် ဗုံးသီး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စာရင်းစစ်ရုံးနှင့် တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့၊ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်) ၊ Drop For Justice -DFJ အဖွဲ့ ၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force (ဗိုလ်ကောက်ရိုး)၊ Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မင်းသားကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်)၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ) နှင့် ဒီပဲယင်းမြို့နယ် (ပ.က.ဖ) တို့မှ ပူးပေါင်း ဆောင်ရွက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article