26 C
Yangon

မွန်ပြည်နယ်တွင် “ကြမ်းသတဲ့ကြမ်းမဲ့ ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေး ရက်အကန့် အသတ် မရှိ လုပ်ဆောင်တော့မည်ဖြစ်၍ ပြည်သူများ အသွား အလာ သတိပြုရန် ရေးဘီလူးအဖွဲ့ ခေါင်းဆောင် သတိပေး

Must read

ရန်ကုန်၊ မတ် ၁၀

မွန်ပြည်နယ်အတွင်း ပြည်သူများ အသွားအလာသတိပြုကြရန်နှင့် စစ်ဆင်ရေးရက်အကန့်အသတ် မရှိ လုပ် ဆောင် မည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကြမ်းသတဲ့ကြမ်းမဲ့ ဘီလူးနင်းမဲ့လမ်း” အမည်ဖြင့် ရက်အကန့်အသတ်မရှိ စစ်ဆင်ရေး ဆင်နွှဲမည် ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တိုက်ပွဲတွေ ဖြစ်ပွားတယ်။ ကျနော်တို့ မထုတ်ပြန်တာပဲ ရှိတယ်။ အချိန်မရွေး နေရာမရွေး ပုံစံမရွေးတိုက်ပွဲတွေ ဖြစ် လာနိုင်တာမို့ ကျနော်အနေနဲ့ ပြည်သူလူထုကို အသွားအလာလေး ဂရုပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မွန်ပြည်နယ် တိုင်းဒေသကြီးတစ်ခုလုံးအတွက် မည်သည့်နေရာမဆို တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ကြောင်းလည်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က သတိပေးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article