25 C
Yangon

ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများဖြင့် တိုက်ပွဲများ ဆက်လက်ရှိနေမည်ဖြစ်၍ ပြည်သူများ သတိပြု နေထိုင်ကြရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ သတိပေး

Must read

လိုင်ဇာဌာနချုပ်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက် လက် တိုက်ခိုက်မည်

ရန်ကုန်၊ မတ် ၁၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ် အပါအဝင် မြို့နယ်များတွင် စစ်ဆင်ရေးများဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်၍ ပြည်သူများ သတိပြု နေထိုင်ကြရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက သတိ ပေးပြောဆိုလိုက်သည်။

“တိုက်ပွဲတွေကတော့ ဆက်ရှိနေမယ်။ စစ်ရေးအခြေအနေကတော့ ပတ် ဝန်းကျင်အနီးမှာ တိုက်ပွဲတွေ ဆက်ရှိနေပါမယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့တော့ သတိပြု နေထိုင်ဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကချင်ပြည်နယ်တစ်ဝန်းတွင် တိုက်ပွဲများနှင့် ထိတွေ့မှုများရှိနေကြောင်း၊ ဆွမ်ဘရာဘွမ်ဘက်တွင်လည်း ထိတွေ့တိုက်ပွဲများရှိနေကြောင်း၊ သို့ရာတွင် စစ် ဆင်ရေးအနေဖြင့် တိုက်ခိုက်မှုများသည် မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်တို့တွင်သာ ရှိနေကြောင်း၊ ထိတွေ့တိုက်ပွဲများအနေဖြင့် ပြည်နယ်တစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မတ်လ ၇ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်စခန်း စုစုပေါင်း စခန်း ၂၀ နီးပါးကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

ထို့ပြင် ဖားကန့်မြို့နယ်၊ ကသိုင်းတောင်တွင် ယမန်နေ့ ညနေပိုင်းမှစတင်၍ စစ်ကောင်စီတပ်များနှင့် KIA တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပြီး ဖားကန့်စစ်တပ် ဗျူဟာကုန်းက လက်နက်ကြီးများ ပစ်ခတ်၍ ပစ်ကူ ပေးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ။

Photo – KIA News and Information Department။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article