25 C
Yangon

ဖားကန့်မြို နယ် ၊ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက် နွံကန်ပေါက်ကျမှု လူ ၂၀ ဝန်းကျင် သေဆုံးပြီး မြေသယ်ယာဉ်နှင့် မြေကော်ယာဉ်များပါ နစ်မြုပ်

Must read

ရန်ကုန်၊ မတ် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို နယ် ၊ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက် နွံကန်ယနေ့ နံနက်ပိုင်း ပေါက်ကျခဲ့ရာ လူ ၂၀ ဝန်းကျင် သေဆုံးပြီး မြေသယ်ယာဉ်နှင့် မြေကော်ယာဉ်များပါ နစ်မြုပ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၃ နာရီကျော်အချိန် ဖားကန့်မြိုနယ်၊ မန မှော်အနီး နွံကန်ပေါက်ကျမှုဖြစ်ပွားကြောင်း၊ နွံကန်ပေါက်ကျမှုကြောင့် ကျောက်တူးလုပ်သားများနှင့် မြေကော်ယာဉ်နှင်မြေသယ်ယာဉ် မောင်းများ အပါအဝင်လူ ၂၀ နီးပါးဝန်းကျင် နွံအောက်တွင် ပိ၍ သေဆုံးကြောင်း၊ ယာဉ်ယန္တရား ပျက်စီးဆုံးမှုများပြားကြောင်း သိရှိရသည်။

“၄ ဦးတော့ နွံကန်ထဲကနေ ပြန်ကယ်လိုရတယ်။ တူးဖော်ရေးလုပ်ငန်းသုံး မြေသယ်ယဉ် ၉ စီး ၊ ဘက်ဟိုး ၇ စီးလောက်လည်း ပါသွားတယ်။ သေတာကတော့ လူ ၂၀ အောက်တေ့ာ ရှိမယ်” ဟု ဖားကန့်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article