26 C
Yangon

ရခိုင်တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို စစ်ကောင်စီတပ်ဖွဲဝင် ၁၇၇ ဦး ထွက်ပြေးသွားပြီး မြန်မာဘက်မှ ပစ်ခတ်သော ကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတစ်ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်ရှိ နယ်ခြားစောင့်တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲဝင် ၁၇၇ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို ယမန်နေ့က ထွက်ပြေးဝင်ရောက်သွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြ သည်။

မတ်လ ၁၁ ရက်နေ့ မောင်တောမြိုနယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ ဖြစ်ပွားပြီး နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ ၁၇၇ ဦး ယမန်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို ဝင်ရောက်ထွက်ပြေးသွားကြောင်း၊ ပထမဦးစွာ နယ်ခြားစောင့် တပ်ဖွဲဝင် ၂၉ ဦး ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ယမန်နေပ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲဝင် ၁၄၈ ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို ထပ်မံ ထွက်ပြေးလာကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနယ်ခြားစောင့်တပ်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၃၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာကြပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ၎င်းတိုကို မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်ခဲ့သည်။

ထိုပြင် ယမန်နေ့ မြန်မာဘက်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Saber Ahmad အသက် ၄၃ နှစ် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲဝင်တချို။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲဝင်တချို
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article