26 C
Yangon

မုံရွာမြိုနယ်တွင် ကျေးရွာများကို မီးရှိဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်း အနီးကပ်ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ် ကြီးပဒုံရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ အင်အား ၆၅ ဦးပါ စစ်ကြောင်းက ပြည်သူ့ နေအိမ်များကို မီးရှိဖျက်ဆီးနေစဉ် တော်လှန်ရေးတပ်ဖွဲများက အနီးကပ်ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိအခိုက်များနိုင်ကြောင်း Black Falcon Guerrilla Forces မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် ကြီးပဒုံရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်က ကံကြီးကုန်း၊ ရှားပေါက်တော၊ ရင်းမန်း စသည့် ကျေးရွာများအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှိဖျက်ဆီးကာ အနီးအနားရှိ ကျေးရွာများကို ထပ်မံ မီးရှိဖျက်ဆီးစဉ် တော်လှန်ရေးအဖွဲများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Black Falcon Guerrilla Forces မှ တာဝန်ရှိသူက ပြောကြားသည်။

“စစ်ခွေးတွေ အထိအခိုက် များမှာပဲဗျ။ ဘာလိုဆို ကျွန်တော်တိုက ၁၂ ယောက်နဲ့ အနီးကပ်ဝင်ပစ်ရတာ။ သူတိုက ပြန်ပစ်တယ်။ ရဲဘော်တွေ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ” ဟု Black Falcon Guerrilla Forces မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Falcon Guerrilla Force နှင့် နယ်မြေခံကျေးရွာ ပ.က.ဖ များပူးပေါင်းကာ လုပ်ဆောင် ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article