38 C
Yangon

Breaking News- မြင်းခြံမြိုနယ်၊ ပျိုကန်ကျေးရွာတွင် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး သက်ကြီးရွယ်အို အဘွားတစ်ဦး မီးလောင်သေဆုံး၊ စစ် တပ်၏ မီးရှိမှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်နေ

Must read

ရန်ကုန်၊ မတ် ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ပျိုကန်ကျေးရွာတွင်စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး သက်ကြီးရွယ်အို အဘွားတစ်ဦး မီးလောင်သေဆုံးကြောင်း၊ လတ်တလော စစ်တပ်၏ မီးရှိမှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီအချိန် မြင်းခြံမြိုနယ်၊ သင်ပြွန်းကျေးရွာနှင့် ဆိတ်ကုန်းကျေးရွာကို မီးရှိ ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်က ပျိုကန်ကျေးရွာသို ဝင်ရောက်လာကြောင်း၊ ပျိုကန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပျိုကန်ကျေးရွာကို ဝင်ရောက်စီးနင်းကြောင်း၊ ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာတစ်ခုလုံးကို မီးတင်ရှိနေကြောင်း၊ သက်ကြီးရွယ်အို အဘွားအိုတစ်ဦးမှာ မကျန်းမာ၍ မပြေးနိုင်ဘဲ မီးလောင်သေဆုံးသွားကြောင်း သိရှိရသည်။

“စစ်ကြောင်းက အင်အား ၅၀ လောက်ရှိတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ပြည်သူ ၂ ဦးကို ပစ်သတ်တယ်။ ရွာကို မီးရှိလို မသန်စွမ်းအဘွားတစ်ဦး မီးထဲပါသေဆုံးတယ်။ သေဆုံးတဲ့အဘွားနာမည်က ဒေါ်ဒေါင်းစိန်ပါ။ ပစ်သတ်ခံရတာက ဒေါ်မိလုံးတို လင်မယား၂ ယောက်ဖြစ်ပါတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်တာက မနက် ၆ နာရီလောက်မှာပါ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းက ပျိုကန်ကျေးရွာမှ ကန်ဆွယ်ကျေးရွာဘက်သို ထွက်ခွာသွားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – မြင်းခြံမြိုနယ်၊ ပျိုကန်ကျေးရွာကို စစ်တပ်က ယခု နံနက်ပိုင်း မီးတင်ရှိနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article