29 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ နေအိမ်များကို မီးရှိဖျက်ဆီး၊ ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၆ လုံး ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၃

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ နေအိမ်များကို မီးရှိဖျက်ဆီး၊ ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ညောင်လေးပင် အခြေစိုက် ခလရ−၂၀ တပ်ရင်းက ဆောထိမြိုနယ်ရှိ နေအိမ် ၁၀၀၀ ကျော်ရှိသော ပုဇွန်မြောင်း ကျေးရွာ အတွင်းကို ဝင်ရောက် စီးနင်းပြီး နေအိမ်များရှိ ပစ္စည်းများကို ယူဆောင်ကာ ထိုနေအိမ်များအား မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ညောင်လေးပင် အခြေစိုက် ခလရ−၂၀ တပ်ရင်းက ပုဇွန်းမြောင်းကျေးရွာအတွင်းမှ နေ၍ ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဝိုင်းသစ်ဆိပ်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ ဦးမောင်လှ၏ ကောက်ရိုးတဲ ပျက်စီးခဲ့ပြီး ည ၉ နာရီ ၃၇ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဝိုင်းသစ်ဆိပ်ကျေးရွာ အတွင်း ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ မူးမြိုနယ်တွင် မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၆ မိနစ်ခန့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရင်းတိုက်ကုန်းကျေးရွာအတွင်းကို ဒရုန်းများဖြင့် ၅ ကြိမ်ခန့် မီးလောင်ဗုံးများ လာရောက် ကျဲချခဲ့သောကြောင့် ညားမခင်ကြည်၏ နေအိမ်နှင့် စပါးကျီတို မီးလောင် ပျက်စီးခဲ့ပြီး နံနက် ၈ နာရီ ၃၅ မိနစ်တွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ ချခဲ့သောကြာင့် တီးရင်းမင်းပိုင်၏ နေအိမ် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အညာစုကျေးရွာ အတွင်းသို ဒရုန်းဖြင့် ၄ ကြိမ် လာရောက် ကျဲချခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အညာစုကျေးရွာအတွင်းကို ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေါ်ဂျင်မေဂျင်မေ၏ နေအိမ်၊ မသူဇာဝင်း၏ နေအိမ်၊ တီးဆေးထူး၏ နေအိမ်၊ ဦးကုလားလေး၏ နေအိမ် နှင့် ကိုဝင်းညွန့်၏ နွားတင်းကုတ်၊ ထင်းစင်တို ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မတ်လ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရင်းတိုက်ကုန်းကျေးရွာ အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များအား မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article