29 C
Yangon

မြိုင်၊ ပခုက္ကူနှင့် မြင်းခြံတိုရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

မကွေးတိုင်း၊ မြိုင်မြိုနယ်နှင့် ပခုက္ကူမြိုနယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ် ၁၂ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မြိုင်မြိုပေါ်ရှိ Jammer စက်တပ်ဆင်ထား သော ထွေအုပ်ရုံးနှင့် မြိုင်မြိုမြောက်ဘက် အထွက်ရှိ စစ်ဆေးရေးဂိတ်ကို Rc plane ဒရုန်းလေယာဉ် ငယ်များဖြင့် ဗုံး သီး ၁၀ လုံးကျဲချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၂ ၊ မြိုင်မြိုနယ် မြောက်ပိုင်းဇုံတိုက်နယ် ၄ MPL အဖွဲ၊ နဂါးနီတပ်ခွဲ ၂ နှင့် Earthquake Defence Forces တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအပြင် မတ်လ ၁၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပခုက္ကူမြိုနယ်၊ ညောင်ဂျစ်ပင် ပျူရွာနှင့် ညောင်ပင်လှ လမ်းခွဲရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Cobra ၊ DMG (ဓားမင်းကြီးတပ်ဖွဲ) ၊ Pku Thurian ၊ N.Yso ၊ ပခုက္ကူ ခရိုင် တပ်ရင်း ၁၀ နှင့် တပ်ရင်း ၃ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် မကွေးတိုင်း၊ မြိုင်မြိုနယ်၊ သရက်ကွရွာအတွင်းရှိ ဘန်ကာများမှ ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း Gosh of Enemies မြိုင်တပ်ဖွဲမှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယနေ့မတ် ၁၃ ရက် နံနက် ၈ နာရီခန့်က မြိုင်မြိုနယ်၊ သရက်ကွရွာအတွင်းရှိ ဘန်ကာများအတွင်းမှ ထွက်လာသော ပျူစောထီးများကို Gosh of Enemies မြိုင်တပ်ဖွဲမှ ရဲဘော်များက စောင့်ဆိုင်း ပစ် ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ် ခန့်ဖြစ်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ဒီနေ့မနက်ပဲ ဘန်ကာထဲကနေ ထွက်လာတဲ့ စစ်ခွေးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ စနိုက်ပါရော၊ လက်နက်ငယ်တွေနဲ့ စောင့်ပြီး ပစ်ခဲ့တာ၊ တစ်ကောင်ကတော့ သေချာတယ်၊ ကျန်တဲ့ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတာရှိပေမယ့် အတိအကျမသိရဘူး၊ ကျနော်တိုရဲဘော်တွေအားလုံး‌ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Gosh of Enemies မြိုင်တပ်ဖွဲမှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြိုပေါ်ရှိ ခရိုင်ရုံး၊ ထောင်ဝန်ထမ်းအိမ်ယာအပါအဝင် နေရာ ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အမှတ်၁၈၄၈ ဒရုန်းတပ်ဖွဲထံမှ သိရ သည်။

ယမန်နေ့ မတ်လ ၁၂ ရက်နေ့က မြင်းခြံမြိုပေါ်ရှိ ခရိုင်ရုံး ၊ထောင်ဝန်ထမ်းအိမ်ယာ၊ အမှတ် ၁ ရဲစခန်း ၊ အမှတ် ၂ ရဲစခန်း နှင့် ရွှေညောင်ပင် အကြမ်းဖက်စစ်တပ်ဂိတ်တိုကို Fix Wings Drone များဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို အသေး စိတ် စုံစမ်းနဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ်၁၈၄၈ ဒရုန်းတပ်ဖွဲ ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ Team -2၊Natogyi People Defence Force – မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄၊ သွေးသောက်တပ်ဖွဲနှင့် အမေ့လက်ရုံး ပြောက်ကျား တပ်ဖွဲတို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article