29 C
Yangon

မင်းပြားမှ အရပ်သား ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ဟု AA ပြော

Must read

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည် မင်းပြားမြိုနယ်မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ULA/AA က သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း အပြစ်မဲ့ အရပ်သား ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲချုပ် ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကျူးလွန်သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲများသည် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်သည့် ရပ်/ရွာများအား ရည်ရွယ်ချက်ရှိရှိ မြေပြင်တပ်ရင်းတပ်ဖွဲများမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်လေယာဉ်များဖြင့် ဗုံးများကြဲချခြင်းနှင့် စစ်ရေယာဉ်များမှ အမြောက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတိုကို ပြုလုပ်လျက်ရှိကြောင်း HDCO ကဆိုသည်။

စစ်ကောင်စီတပ်များအနေဖြင့် ရပ်/ရွာများသို ဝင်ရောက်၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများအပြင် အမျိုးသမီးများအား အုပ်စုဖွဲမုဒိန်းကျင့်ကာ လူမဆန်စွာသတ်ဖြတ်ခြင်းနှင့် ရပ်/ရွာများကို မီးရှိဖျက်ဆီးခြင်းများစသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်နေကြကြောင်း HDCO က ထုတ်ပြန်ထားသည်။

ယင်းအပြင် မတ်လ ၁၁ ရက်နေ့က မင်းပြားမြိုတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြိုအတွင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့၍ အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချိုရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပုဏ္ဏားကျွန်းမြိုမစျေးကို စစ်တပ်က လွန်ခဲ့သောလများအတွင်း မီးရှိဖျက်ဆီးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပုဏ္ဏားကျွန်းမြိုမစျေးကို စစ်တပ်က လွန်ခဲ့သောလများအတွင်း မီးရှိဖျက်ဆီးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article