37 C
Yangon

ခမရ ၃၅၅ တပ်ရင်းစခန်းသိမ်းပိုက်မှု စစ်သားအများအပြားသေဆုံးပြီး RPG ၊ စက်သေနတ်အပါအဝင် လက်နက် ၁၄၀ လက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ခြေစိုက် ခမရ ၃၅၅ အခြေစိုက်တပ်ရင်စခန်းကို သိမ်းပိုက်မှုအတွင်း စစ်သားအများအပြားသေဆုံးကာ RPG ၊ စက်သေနတ်အပါအဝင် လက်နက် ၁၄၀ လက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုက ထုတ်ပြန်သည်။

မတ်လ ၇ ရက် နံနက် ၁၀ နာရီ ၁၉ မိနစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မ ဟာ ၆ တပ်မဟာစစ်ကြောင်းဦးဆောင်သောတော်လှန်ရေးပူးပေါင်းစစ်ကြောင်းတပ်ဖွဲများမှ မြဝတီ မြို နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၅ စခန်း ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အပြီးအပိုင်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ စစ်မော်တော်ယာဥ်ပေါင်း ၆ စီး RPG ၊ NATO စက်သေနတ် အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း ၁၂၇ လက် ၊ 60 mm ၊ 81 mm လက်နက်ကြီးစိန်ပြောင်း မျိုးစုံ ၁၃ လက် ၊ ၎င်းလက်နက်မျိုးစုံတို၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့် စစ်အသုံး အဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲဝင်များစွာ သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article