25 C
Yangon

ရန်ကုန်တိုင်း၊ မြို့နယ်များရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ တစ်ရပ်ကွက်လျှင် လူငယ် ၄ ဦးမှ ၅၀ ဦးအထိ လာမည့်ဧပြီလအတွင်း စစ်မှုထမ်းရန် နာမည်နှင့်တကွ ဆင့်ခေါ်၊ တချို့ရပ်ကွက်များတွင် မဲနှိုက် ရွေးချယ်

Must read

ရန်ကုန်တိုင်း၊ မြို့နယ်များရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ တစ်ရပ်ကွက်လျှင် လူငယ် ၄ ဦးမှ ၅၀ ဦးအထိ လာမည့်ဧပြီလအတွင်း စစ်မှုထမ်းရန် နာမည်နှင့်တကွ ဆင့်ခေါ်၊ တချို့ရပ်ကွက်များတွင် မဲနှိုက် ရွေးချယ်

ရန်ကုန်၊ မတ် ၁၄

ရန်ကုန်တိုင်း၊ မြို့နယ်များရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ တစ်ရပ်ကွက်လျှင် လူငယ် ၄ ဦးမှ ၅၀ ဦးအထိ လာမည့်ဧပြီလအတွင်း စစ်မှုထမ်းရန် နာမည်နှင့်တကွ ယမန်နေ့ညပိုင်းမှစတင်၍ ဆင့်ခေါ်စာများ စတင်ဖြန့်ဝေနေပြီး တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက် ရွေးချယ်နေကြောင်း သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးတွင် အစည်း အဝေး ခေါ်ယူခဲ့ပြီး အသက် ၂၄ နှစ်မှ အသက် ၃၀ နှစ်အကြား အရွယ် လူငယ်များကို ဦးစားပေး၍ စစ်မှုထမ်း ခိုင်းမည်ဖြစ်ကြောင်း၊ ရှေ့တန်းမထွက်ခိုင်းဘဲ တပ်လုံခြုံရေးအတွက် နိုင်ငံတစ်ဝန်း ပို့ဆောင်မည်ဖြစ်ကြောင်း စစ်ကောင်စီဌာနဆိုင်ရာများက ပြောဆိုကြောင်း သိရှိရသည်။

“မနေ့ မနက် မဝတရုံးမှာအစည်းအဝေးလုပ်တယ်။ အခုခေါ်မယ့် လူငယ် ၅၀၀၀ ကို အသက် ၂၄နှစ် မှ အသက် ၃၀နှစ် ကြား ခေါ်မယ်။ ကလေးအဖေတွေ ပထမ အသုတ်မှာမပါသေးဘူး။ တပ်ထဲက စစ်သားတွေရှေ့တန်းအကုန်ထွက်ခိုင်းမှာမို့ အခုခေါ်တဲ့ လူငယ်တွေကို နောက်တန်း မှာ တပ်စောင့်အဖြစ်ထားမယ်။ လက်နက်ကိုင်စရာမလိုဘူး ။ အစည်အဝေးကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ကြီးတွေနဲ့ ကြံ့ဖွတ်တွေ အဓိက တက်ကြတယ်။ လဝကရုံးမှ စာရင်းတွေ စတောင်းတယ်” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း၊ ကော့မှုးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်မှုထမ်းရန်အတွက် ယမန်နေ့ ညပိုင်း လူငယ်များကို မဲနှိုက်ခိုင်းကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူးကျေးရွာမှ လူငယ်တချို့ ယမန်နေ့ညပိုင်း မဲပေါက်ပြီးနောက် ယခုနံနက်ပိုင်းတွင် စစ်တပ်က လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်တပ်ခန့်အုပ်ကြီးအိမ်မှာမဲနှိုက်ရတယ်။ တစ်ရွာကို ၂ ဦးနှုန်းနဲ့ ရွာတွေအလိုက် မဲနှိုက်ခိုင်းတာ။ မနေ့ညက တော် ခလူးရွာက မဲပေါက်တဲ့ လူငယ် ၂ ယောက်ကို ဒီမနက် ၈ နာရီမှာ စစ်တပ်က သူတို့နဲ့တစ်ခါတည်း ခေါ်သွားဖို့ အထုပ်ပြင်ခိုင်းတယ်။ မိဘက ကန်တော့ခိုင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း၊ကော့မှူးမြို့နယ်၊ပျာမွှတ်ကျေးရွာ အုပ်စုတွင်လည်း လူငယ်များကို စစ်မှုထမ်းရန် မတ်လ ၁၃ ရက်နေ့တွင် မဲနှိုက်ခိုင်းပြီး စစ်မှုထမ်းရန် မဲပေါက်သူများမှာ မောင်ကိုလင်း (ဘ) ဦးစိုးအောင်၊ မောင်သက်ထွန်းမင်း(ဘ) ဦးသန်းဌေး၊ မောင်သက်ဝေလွင်(ဘ) ဦးလှညွန့်တို့ စစ်မှုထမ်းရန် မဲပေါက်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းလှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာ၊ အင်းတိုင်ကျေးရွာ အပါအဝင် ကျေးရွာများတွင် ယနေ့ လူငယ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး ဧပြီလ စစ်မှုထမ်းရမည့် လူငယ်များအတွက်ဟုဆိုကာ မဲနှိုက်ခိုင်းနေကြောင်း သိရှိရသည်။

“လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာမှာ ဒီနေ့ စစ်မှုထမ်းရမယ့် လူငယ်တွေကို နာမည်စာရင်းသွင်းကောက်ထားမှာ ရပ်ကွက်ရုံးမှာ မဲနှိုက်ခိုင်းတယ်” ဟု ဒေသပြည်တစ်ဦးကဆိုသည်။

ထို့အတူ မင်္ဂလာဒုံမြို့နယ် ၊ ၂ /က ရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ ဦး နာမည်စာရင်းသွင်း ဆင့်ခေါ်လိုက်ပြီး ယနေ့တွင် စစ်တပ်က လာရောက်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ မြို့နယ်များအားလုံးတွင် ဧပြီလတွင် ပထမဦးဆုံး စစ်မှုထမ်းရမည့် လူငယ်များနှင့် ဆက်တိုက် စစ်မှု ထမ်းကြရမည့် လူငယ်များ၏ အမည်စာရင်းနှင့် ကိုယ်ရေးရာဇဝင်များကို ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article