26 C
Yangon

သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံး

Must read

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့

ရန်ကုန်၊ မတ် ၁၄

ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်နှင့်ကော့ကရိတ်မြိုနယ်အစပ် သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံးကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၇ ရက်နေ့တွင် မြဝတီ /သင်္ကန်းညီနောင် အခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် မှ မျက်မြင် ၁၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအရေအတွက်များ ရှိနိုင်သဖြင့် စိစစ်နေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ထိုစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ –
(၁) MA-1 – ၆၅ လက်
(၂) MA-2 – ၁၀ လက်
(၃) MA-3 – ၁၆ လက်
(၄) MA-4 – ၃ လက်
(၅) MA – 5 (အတို) – ၂၅ လက်
(၆) 7.62/ MAS (sniper) -၂ လက်
(၇) 12 V ( ၉ လုံး) – ၁ လက်
(၈) 28 mm (ရှဲဂန်း) – ၁ လက်
(၉) ငါးကြင်းမြီး စက်လက် – ၃ လက်
(၁၀) 81 mm/MA-14 (ရိုင်ဖယ်) -၂ လက်
(၁၁) 60 mm (ကွန်မန်ဒိုစိန်ပြောင်း) – ၉ ပြောင်း
(၁၂) 60 mm (အထိုင်စိန်ပြောင်း) -၂ ပြောင်း
(၁၃) 81 mm (စိန်ပြောင်း) – ၁ ပြောင်း
(၁၄) RPG – ၇ လက်
(၁၅) RPG (အသီး) – ၁၅၃ လုံး
(၁၆) RPG (ပိုယမ်း) – ၁၄၂ တောင့်
(၁၇) .5 ကျည် – ၂၃၀၀ တောင့်/ ပုံး ၄ ပုံး
(၁၈) အီနာဂါ – ၇၃ လုံး
(၁၉) 40 mm (ဗုံးသီး) – ၃၄ လုံး
(၂၀) 40 mm (မီးခိုးဗုံး) – ၄ လုံး
(၂၁) လက်ပစ်ဗုံး – ၆၅ လုံး
(၂၂) 60 mm (အသီး) -၂၉ လုံး
(၂၃) 81 mm (အသီး) – ၃၈ လုံး
(၂၄) တင့်ဖျက်မိုင်း (အကြီး) – ၃ ခု
(၂၅) တင့်ဖျက်မိုင်း -၂၂ ခု
(၂၆) ရှေ့ထွက်မိုင်း – ၇ ခု
(၂၇) နင်းမိုင်း – ၁၀၅ ခု
(၂၈) နင်းမိုင်း (အသေး) – ၆၅ ခု
(၂၉) တိုက်မိုင်း – ၆၉ ခု
(၃၀) MA ကျည်ဘောက် – ၃၆ ဘောက်
(၃၁) MA ကျည် (အဝိုင်းဘောက်) -၂ ဘောက်
(၃၂) 7.62 (Sniper ကျည်ဘောက်) – ၁ ဘောက်
(၃၃) MA-13 (ကျည်ဘောက်) – ၇ ဘောက်
(၃၄) MA-5/MK-2 (ကျည်ဘောက်) -၂၈ ဘောက်
(၃၅) MA-11(ကျည်ဘောက်) – ၅ ဘောက်
(၃၆) လှံစွပ် -၃၇ ချောင်း
(၃၇) 5.56 ကျည် – ၁၀,၀၀၀ တောင့်
(၃၈) 7.62/39.G-3 ကျည် – ၁၀,၀၀၀ တောင့်
(၃၉) .5 စက်လက် – ၁ လက်/ ၁ ပြောင်းပို
(၄၀) 7.62/G-3 ကျည် – ၁၀,၀၀၀ တောင့်
(၄၁) 5.56 ကျည် – ၁၀,၀၀၀ တောင့်
(၄၂) လက်ပစ်ဗုံး (စနတ်တံမပါ) – ၁၆ လုံး
(၄၃) လက်ပစ်ဗုံး (စနတ်တံပါ) -၂၄ လုံး
(၄၄) စစ်သုံး ၆ ဘီးကား -၃ စီး
(၄၅) စစ်သုံး တံခါး ၄ ပေါက် -၂ စီး တိုဖြစ်ကြောင်း သိရှိရသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဥ် ပစ်ကူအဖြင့် သော် လည်းကောင်း၊ လက်နက်ကြီး ပစ်ကူအဖြင့် သော်လည်းကောင်း လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ ပြည်သူပေါင်း ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့ရပြီး မြောက်များစွာ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article