25 C
Yangon

နွားထိုးကြီးမြိုနယ်၊ နဘဲသာရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်၊ နဘဲသာရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၈ တာဝန်ခံ ကိုလင်းလတ် က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နဘဲသာကျေးရွာကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲစစ်ကြောင်းက ရဲတွေပဲပါတယ်။ ကျေးရွာကို ဝင်ရောက်နေတုန်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာပေါ့။ ၁ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ ၁ ကောင် လက် ပြတ်သွားတယ်လို သိရတယ်။ ဒဏ်ရာရသွားတဲ့ ရဲ ၂ ကောင်ကိုတော့ ထမ်းပြီး ပြန်ခေါ်သွားတယ်လို သိရတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၈ တာဝန်ခံ ကိုလင်းလတ် က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး တပ်ဖွဲများ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ယူနီဖောင်းများ၊ ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် တောင်သာမြိုနယ်ဘက်ကို ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၁၊ ၃၊ ၄၊ ၈ ပကဖ တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article