25 C
Yangon

ပေါက်တောနှင့် မင်းပြားတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးများ ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် ၂၃ ဦးသေဆုံး

Must read

ရန်ကုန်| မတ် ၁၈

ရခိုင်ပြည် ပေါက်တောမြိုနယ်နှင့် မင်းပြားမြိုနယ်ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဗုံးကြဲတိုက် ခိုက်ခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂၃ ဦးသေဆုံးခဲ့ရပြီး ၁၈ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မင်းပြားမြိုနယ် ခြိမ်တောင်အုပ်စု သာဒေ မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက ယနေ့ မတ်လ ၁၈ ရက် နံနက် ၁ နာရီအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ မွတ်ဆလင် ၂၁ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

စစ်ကောင်စီ ဗုံးကြဲချခြင်းကြောင့် သာဒေကျေးရွာတွင် နေအိမ်အများအပြား ပျက်စီးသွားသည့်အပြင် သေဆုံးသူများထဲတွင်လည်း အသက် ၆၀ အရွယ် သက်ကြီးပိုင်းများ၊ လသားအရွယ် ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပေါက်တောမြိုနယ် လက်ပံပြားကျေးရွာကိုလည်း စစ်ကောင်စီက ယမန်နေ့ မတ်လ ၁၇ ရက် နေ့လယ်တွင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလေးငယ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။

ပေါက်တောမြိုနှင့်အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီမှ လက်နက်ကြီးကျည် ၁၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်းနှင့် ယင်းလက်နက်ကြီးကျည်များမှာ စစ်တွေမြို အမှတ် ၁၂ ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးဖြစ်ကြောင်း သိရသည်။

မတ်လ ၁၅၊ ၁၆၊ ၁၇ ရက်တိုတွင်လည်း ရှေးဟောင်းမြောက်ဦးမြိုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့၍ အသက် ၂၀ အရွယ် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရကာ အသက် ၁၃ နှစ်အရွယ် မွတ်ဆလင်ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားသည်။

ပုဏ္ဏားကျွန်းမြိုကိုလည်း မတ်လ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၂၄ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြကြောင်း စုံစမ်းသိရသည်။

အဆိုပါ လက်နက်ကြီးများမှာ စစ်တွေမြို ပါဒလိပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ ၃၄၄ တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကုန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီနေဗီမှ ပစ်ခတ်သော လက်နက်ကြီး စစ်တွေမြိုမဈေးသို ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂၁ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့်အပြင် ၃၀ ကျော် ဒဏ်ရာရရှိသွားကြောင်း UNOCHA ၏ စာအရင်းအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြစ်မဲ့ပြည်သူများနေထိုင်ရာ ကျေးရွာများနှင့် မြိုရပ်ရွာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများ ပစ်ခတ်မှု နေ့စဉ်ပြုလုပ်လျှက်ရှိနေသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article