26 C
Yangon

မင်းလှ၊ ဟိုင်းယုကျေးရွာကို စစ်တပ်က ၅ ရက်ဆက်တိုက် ပစ်ခတ်ဖျက်ဆီးမှု စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများအပါအဝင် နေအိမ် ရာချီ၍ ပျက်စီး ဆုံးရှုး

Must read

ရန်ကုန်၊ မတ် ၁၈

ပဲခူးတိုင်း၊ မင်းလှမြိုနယ်၊ ဟိုင်းယုကျေးရွာကို စစ်တပ်က ၅ ရက်ဆက်တိုက် ပစ်ခတ်ဖျက်ဆီးရာ စာသင် ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများအပါအဝင်နေအိမ် ရာချီ၍ ပျက်စီး ဆုံးရှုးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ဟိုင်းယုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်း ၄ စီးဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခြင်းကြောင့် မူလွန်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ ခု၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပြည်သူများ၏ နေအိမ် ၁၁၀လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“သူတို ဒရုန်း ၄ စီးနဲ့ အပေါ်က ဗုံးကျဲတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက်ထုတယ်။ တစ်ရွာလုံးမှ အိမ်က ၆ လုံးလောက်ပဲ မီးမလောင်ဘဲ ကျန်တယ်ဗျ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က မတ်လ ၁၂ ရက်နေ့တွင် မင်းလှမြိုနယ်တွင် အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ဟိုင်းယုကျေးရွာအတွင်းသို အကြမ်းဖက်စစ်တပ်မှ ဗုံးကျဲခြင်း ၊ လက်နက်ကြီးများနှင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုပြင် အကြမ်းဖက်စစ်တပ်နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ရဲဘော်များအကြား မတ်လ ၁၅ ရက်နေ့တွင်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောကြားသည်။

“စကစဘက်က PDF မနိုင်လို ရွာကို ဖျက်ဆီးတာ။ သူတို အသေများတော့ မနိုင် နိုင်ရာ မဲတာ။ သူတိုဘက်က အသေအပျောက်မသိရဘူး။ သေတာတော့ သေမှာပဲ”သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

မတ်လ ၁၅ ရက်နေ့ တိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး လက် နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်ရာတွင် အင်အားမမျှ၍ နောက်ဆုတ်ပေးခဲ့ကြောင်း၊ ၄၀မမ ၂ လက်၊ ၄၀မမ သေနတ်ပြောင်း ၄ခု၊ လက်လုပ်သေနတ် ၂၃ လက်၊ စကားပြောစက်၁လုံး၊ ဆိုင်ကယ်၂စီး ဆုံးရှုးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article