25 C
Yangon

ဂန့်ဂေါမြို့မ ရဲစခန်းတွင် အမိန့်ချမှတ်ပြီးသား နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင် ပို့ဆောင်ခြင်းမရှိဘဲ အချုပ်ခန်းများတွင် ဖမ်းဆီးထားကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားစွာ လုပ်ဆောင်နေ

Must read

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့မ ရဲစခန်းအတွင်းရှိ အချုပ်ခန်း ၃ ခုတွင် အမိန့်ချမှတ်ပြီးသား နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင် ပို့ဆောင်ခြင်းမရှိဘဲ အချုပ်ခန်းများတွင် ဖမ်းဆီးထားကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ လုပ်ဆောင်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အမျိုးသမီးများကို ထားသည့် အချုပ်ခန်းသည် ၁၀ ပေ x ၁၂ပေ ခန့်သာရှိပြီး အချုပ်ခန်းငယ်တွင် နေထိုင်ရသည့် အမျိုးသမီးအချို့မှာ လူဦးရေ ကျပ်ညှပ်နေကြသဖြင့် အချုပ်ခန်း ထပ်ခိုးများတွင် တက်ပြီးအိပ်နေကြရသည်အထိ ဖြစ်နေကြောင်း၊ အမျိုးသားများထားရာ အခန်းသည်လည်း အကျယ်ပေ ၃၀ ဝန်းကျင်သာရှိပြီး တစ်ဦးခြေထောက်အပေါ် တစ်ဦးခြေထောက်ထပ်တင်၍ အိပ်ကြရပြီး အလှည့်ကျနှင့် အိပ်ရသည်အထိပင် ဖြစ်နေကြောင်း သိရသည်။

“လက်ရှိမှာ အကျဉ်းထောင်တွေကို လုံခြုံရေးကို အကြောင်းပြပြီးတော့ မပို့ဘဲ အချုပ်ခန်းထဲမှာပဲ ထိန်းသိမ်းထားတာက ၂ နှစ် နီးပါးရှိတဲ့လူလည်း ပါတယ်။ ၅၀၅ နဲ့ ထောင်ကျနေတာချင်းအတူတူ အကျဉ်းထောင်မှာ ကျနေသူတွေက လွတ်ငြိမ်းနဲ့ ပါပေမယ့် အချုပ်ထဲက မပါဘူး။ ပြီးတော့ အကျဉ်းထောင်နံပါတ်လည်း မရှိတဲ့အတွက် လျှော့ရက်တို့ ထောင်ဝင်စာတို့ တစ်ခုမှ ခံစားခွင့်လည်း မရှိဘူး ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများသည် ၂၄ နာရီပတ်လုံး အခန်းကျဉ်းများထဲတွင် ပြွတ်ကျပ်ပြီး နေရသည့်အတွက် ခန္ဓာကိုယ်အင်အားချိနဲ့ခြင်းများလည်း ကြုံနေရကြောင်းလည်း သိရှိရသည်။

ထို့ပြင် ဂန့်ဂေါမြို့မရဲစခန်းအတွင်းရှိအချုပ်ခန်းများအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ၅၀၅ က အပါအဝင် အကြမ်းဖက်ဥပ‌ဒေ ပုဒ်မများဖြင့် မတရား အမိန့်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် ၊နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးကျော်ကိုလည်း အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းမပြုဘဲ အချုပ်ခန်းများအတွင်း ထပ်မံချုပ်နှောင်ခံရကာ အကျဉ်းသားအခွင့်အရေးများ ထပ်မံ ဆုံးရှုံးနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဂန့်ဂေါအချုပ်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများတွင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တသက်အထိ ချမှတ်ခံထားရသူများ ရှိကြောင်း သိရှိရသည်။

ဂန့်ဂေါမြို့မ ရဲစခန်းသည် စစ်တပ်နှင့် ပျူစောထီးများ အဝင်အထွက်လုပ်သည့် စခန်းဖြစ်၍ အကျဉ်းသူ/သား၊အချုပ်သူ/သားများအတွက် အသက်အာမခံချက် မရှိသည့်အပြင် မကြာခဏ ခေါ်ယူစစ်ဆေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုကိုလည်း နေ့စဉ်နှင့်အမျှခံနေကြရကြောင်း၊ အကျဉ်းထောင်လက်စွဲဥပဒေ အခန်း ၉ ပုဒ်မ ၄၀ တွင် ပြစ်ဒဏ်မကျသေးသည့် အကျဉ်းသားများနှင့် တွေ့ဆုံခြင်းအခန်းတွင် အမိန့်မချမှတ်ထားရသေးသည့် အချုပ်သားများသည် မိသားစု၊ရှေ့နေနှင့် တွေ့ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ဂန့်ဂေါ်အချုပ်သည် အကျဉ်းထောင်မဟုတ်၍ အထက်ပါ အခွင့်အရေးများချိုးဖောက်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article