ဒီကနေ့ မတ် ၂၂ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၄၃၈ တပ်ရင်နဲ့ ၆၁၆ ဒုံတပ်ရင်းတွေကို KIA နဲ့ မဟာမိတ်တပ်တွေက မနေ့က တစ်ရက်တည်းမှာပဲ အပြီးသတ်သိမ်းလိုက်ပြီး ၊ နောက်ထပ် ၃၇၀ အမြောက်တပ်ရင်းကိုပါ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
- ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲက ၄၈ ဦးကို မတ်လ ၂၁ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီလို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်က ဖော်ပြထားပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက ထုပ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေမှာ အလုပ်သမားပြတ်လပ်မှုတွေကြုံလာနေပြီး ၊ စီးပွား ရေးကဏ္ဍတစ်ခုလုံး အကြီးအကျယ် ဂယက်ရိုက်နေပြီလို့ UMFCCI ရဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့က ပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
