25 C
Yangon

လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Nway Oo Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့၊ က ရပ်ကွက်အတွင်းရှိ မြို့တော်ခန်းမရှေ့ကို ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦး လိုက်ပါလာသည့် Vigo ကားကို နွေဦးပြောက်ကျားတပ်စိတ် တစ်ခုမှ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကားနောက်ပိုင်းတွင် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကားကို မရပ်ဘဲ မောင်းပြေးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ကင်းလှည့်ဖို့ထွက်လာတဲ့အချိန် လောင်းလုံးမြို့၊ က ရပ်ကွက် မြို့တော်ခန်းမရှေ့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိဘူး။ စစ်ခွေးတွေက ရမ်းသမ်း ပစ်ခတ်တာတော့ ရှိတယ်” ဟု Nway Oo Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Nway Oo Guerrilla Force အဖွဲ့သည် ဆက်လက်ပြီး အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားသည့် စစ်မှု မထမ်းမနေရ ဥပဒေအသက်သွင်းကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ရည်ရွယ် လုပ်ဆောင်နေမှုများကို အားပေး အားမြှောက်ပြုလုပ်နေသူများကို ပြည်သူ့ကာကွယ်ရေး တပ်သားများအနေဖြင့် ချွင်းချက်မရှိ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Nway Oo Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article